Movie Name
Silent Night Deadly Night (2025)
Year
2025
Generes
Horror, Thriller
Code
EN4652
Type
Movie
Size
707 MB
Country
Hollywood
Description
ဇာတ်လမ်းကတော့ Billy Chapman ဆိုတဲ့ ကောင်လေးအကြောင်းပါ။ Billy ဟာ ငယ်ငယ်တုန်းက ခရစ္စမတ်ညမှာ Santa Claus ဝတ်စုံဝတ်ထားတဲ့ လူသတ်သမားတစ်ယောက်က သူ့မိဘတွေကို ရက်ရက်စက်စက် -တ်ဖြတ်သွားတာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပါတယ်။ ဒီလိုနဲ့ Billy ကြီးလာတဲ့အခါမှာတော့ အဲဒီ စိတ်ဒဏ်ရာတွေနဲ့အတူ သူ့ခေါင်းထဲမှာ "Charlie" ဆိုတဲ့ အသံတစ်ခုကိုပါ စကြားလာရပါတော့တယ်။ အဲဒီအသံရဲ့ စေခိုင်းမှုနဲ့ Billy ဟာ Santa ဝတ်စုံဝတ်ပြီး "လူဆိုး" စာရင်းဝင်တဲ့ သူတွေကို လိုက်လံရှင်းလင်းပါတော့တယ်။ ပြောရရင်တော့ ရိုးရိုးလူ-တ်သမား မဟုတ်ဘဲ မကောင်းသူပယ်၊ ကောင်းသူကယ်မယ့် ပုံစံမျိုးပေါ့။ သူ့ရဲ့ သွေးစွန်းတဲ့ ခရီးစဉ်တစ်လျှောက် Hackett ဆိုတဲ့ မြို့လေးကို ရောက်သွားပြီး Pam ဆိုတဲ့ ကောင်မလေးနဲ့ တွေ့ဆုံမိတဲ့အခါမှာတော့ အခြေအနေတွေက ပြောင်းလဲသွားပါတယ်။ Pam မှာလည်း အကြမ်းဖက်တတ်တဲ့ ရဲအရာရှိ ရည်းစားဟောင်းတစ်ယောက် ရှိနေတာကြောင့် Billy တစ်ယောက် လူ-တ်တာကို ရပ်မလား၊ Pam ကို ကယ်တင်ဖို့ ဆက်ပြီး -တ်မလားဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပါ။ မူရင်း ၁၉၈၄ ဇာတ်ကားနဲ့ မတူဘဲ ဒီကားမှာက Billy ကို လူဆိုးတွေကိုပဲ ရွေး-တ်တဲ့ Anti-hero ပုံစံမျိုး ခပ်ဆန်းဆန်း ရိုက်ပြထားပါတယ်။ Slasher ကားပီပီ သွေးထွက်သံယိုခန်းတွေ၊ အ-တ်အဖြတ်ခန်းတွေကတော့ အတော်လေး ကြမ်းပါတယ်။ ရိုးရိုးလူ-တ်ကားသက်သက် မဟုတ်ဘဲ နည်းနည်း ထူးခြားဆန်းကြယ်တဲ့ Supernatural အငွေ့အသက်တွေလည်း ပါဝင်နေပါတယ်။။ အရင်ကားဟောင်းကို မကြည့်ဖူးရင်တောင် နားလည်လွယ်သလို၊ Slasher ကားကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့မယ့် ဇာတ်ကားလို့ ဆိုရမှာပါ။