-
Movie Name
-
The Morrigan.2025
-
Year
-
2025
-
Generes
-
Horror
-
Code
-
OT0563
-
Type
-
Movie
-
Size
-
683 MB
-
Country
-
Others
-
Description
-
ဒီတစ်ခါတော့ Irish ဒဏ္ဍာရီလာ စစ်နတ်ဘုရားမတစ်ပါးအကြောင်း ရိုက်ကူးထားတဲ့ Horror ကားသစ်လေး တင်ပေးထားပါတယ်။
ဇာတ်လမ်းကတော့ ရှေးဟောင်းသုတေသနပညာရှင် ဖီအိုနာ (Fiona) ကနေ စရမှာပါ။ သူက အိုင်းရစ်ဒဏ္ဍာရီထဲက စစ်ပွဲနဲ့ ကံကြမ္မာကို ဖန်တီးနိုင်တဲ့ နတ်ဘုရားမ The Morrigan ရဲ့ အုတ်ဂူကို ရှာဖွေဖို့ အိုင်ယာလန်က လူသူဝေးတဲ့ နေရာတစ်ခုဆီ ခရီးထွက်လာခဲ့ပါတယ်။ ဒီခရီးမှာ သူ့ရဲ့ ဆယ်ကျော်သက်သမီး လီလီ (Lily) ကိုပါ ခေါ်လာခဲ့ရတာပေါ့။
လီလီကလည်း အရွယ်ရောက်စ သွေးဆူနေတဲ့အရွယ်ဆိုတော့ အမေဖြစ်သူနဲ့ အဆင်မပြေ၊ စိတ်ကောက်ပြီး ဟိုမရောက်ဒီမရောက် ဖြစ်နေတဲ့အချိန်ပေါ့။ ကံဆိုးချင်တော့ တူးဖော်ရေးလုပ်ရင်း The Morrigan ရဲ့ အုတ်ဂူကို တကယ်ရှာတွေ့သွားပြီး မတော်တဆ ပိတ်ထားတဲ့အရာတွေကို ဖွင့်မိလိုက်တဲ့အခါမှာတော့.... နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရတဲ့ နတ်ဘုရားမရဲ့ ဝိညာဉ်က လီလီ့ ကိုယ်ထဲကို ဝင်ပူးသွားပါတော့တယ်။
ဒီနတ်ဘုရားမက ရှေးခေတ်ကတည်းက အမျိုးသားတွေရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတဲ့ အငြိုးတွေနဲ့ ပြည့်နေတာဆိုတော့... လီလီ့ကိုယ်ကို သုံးပြီး ကျွန်းပေါ်က ယောက်ျားတွေကို တစ်ယောက်ပြီးတစ်ယောက် လက်စားချေ -တ်ဖြတ်ပါတော့တယ်။ မိခင်ဖြစ်သူ ဖီအိုနာအနေနဲ့ သမီးဖြစ်သူကို နတ်ဆိုးလက်ထဲကနေ ဘယ်လို ကယ်ထုတ်မလဲ၊ ဒီသေမင်းတမန် ကျွန်းပေါ်ကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမယ့် ကားကောင်းလေး ဖြစ်ပါတယ်။
(ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။)