Movie Name
The Running Man2025
Year
2025
Generes
Action, Drama
Code
EN4660
Type
Movie
Size
1.28 GB
Country
Hollywood
Description
Stephen King ရဲ့ ဝတ္ထုတွေကိုအခြေခံပြီး ရိုက်ကူးတဲ့ရုပ်ရှင်တွေထဲကမှ သရုပ်ဆောင် Glen Powell ရဲ့ The Running Man ကားအသစ်ထွက်လာပါပြီ။ သားနို့စ်သရုပ်ဆောင် Josh Brolinနဲ့ A list သရုပ်ဆောင်တွေအများကြီးပါဝင်ထားတာပါ။ ဒါရိုက်တာကလည်း Baby Driver နဲ့ Last Night in Soho တို့ကို ရိုက်ကူးတင်ဆက်ထားတဲ့ Edgar Wrightဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါး ခပ်မြူးမြူးနဲ့ Non stop actionတွေဘက်ကိုသွားထားတာပါ။ The Running Man စာအုပ်ကို အခြေခံထားတဲ့ ဒီရုပ်ရှင်မှာလည်း ပိုက်ဆံလိုနေတဲ့ လူတစ်ယောက်က The Running Man လို့ခေါ်တဲ့ TV အစီအစဥ်မှာ ဝင်ပါတယ်။ ရက် ၃၀ ကြာမယ့် ဒီပြိုင်ပွဲမှာ ရက်ကြာကြာ အသက်ရှင်လေလေ ငွေသားဆုကြေး ကြီးကြီးရလေပဲ။ ဒီ ရက် ၃၀ အတွင်းမှာတော့ သူနဲ့ တခြားပြိုင်ပွဲဝင်တွေကို Hunters လို့ခေါ်တဲ့ မုဆိုးတွေကရက် ၃၀ မခံအောင် ဝိုင်းရှင်းကြတာမျိုးပေါ့။ ဒါပေမဲ့ ဘန်ရစ်ချတ်ဆိုတဲ့လူကတော့ ဒီမုဆိုးတွေကိုပြန်ဖြုတ်ရင်း သားကောင်ကနေ မုဆိုးဖြစ်ကာ ပရိတ်သတ်အကြိုက်ဆုံး Reality Show ဇာတ်ကောင်ဖြစ်လာတယ်။ ကြည့်ရတဲ့ ပရိတ်သတ်အတွက် တီဗီအစီအစဉ်ဆိုပေမဲ့ အထဲမှာပါတဲ့လူတွေအတွက်တော့ တကယ့် Survival ငရဲတွင်းကြီးပါပဲ။ ရစ်ချတ်တစ်ယောက်ဂိမ်းရဲ့စည်းမျဉ်းတွေကိုဖောက်ထွက်ပြီး ဘယ်လိုအောင်မြင်အောင်ဆော့ပြသွားမလဲဆိုတာကတော့ အတော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ကားပါ။