-
Movie Name
-
Witch Yoo Hee (2007) စူပါမင်း နှင့် မာနရှင်
-
Year
-
2007
-
Generes
-
Comedy, Romance
-
Code
-
SKR0090
-
Type
-
Series
-
Size
-
23.1 GB
-
Country
-
Korea
-
Description
-
စူပါမင်း နှင့် မာနရှင် " (Witch Yoo Hee 2007) ငယ်ငယ်တုန်းက ကျွန်တော်တို့အသည်းစွဲကြိုက်ခဲ့တဲ့ဇာတ်လမ်းတွဲလေး .... ဇာတ်လမ်းအကျဉ်း - အကြင်နာကင်းမဲ့ပြီး၊ ပြတ်သားတဲ့ သူမရဲ့ ဆတ်ဆတ်ကြဲပုံစံလေးတွေကြောင့် ' စုန်းမ ' လို့အများက ခေါ်တွင်ရတဲ့ " မာယူဟီး " _ သူမကတော့ အဖေဖြစ်သူရဲ့ ကြော်ငြာကုမ္ပဏီတစ်ခုမှာ ဒါရိုက်တာရာထူးနဲ့ဝင်ရောက်လုပ်ကိုင်နေပြီး အိမ်ထောင်ဖက် (ဘလိုင်းဒိတ်) တွေဆက်တိုက်တွေ့နေပေမယ့် အဆင်မပြေဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ပါ ... (မင်းသမီးရဲ့ စစချင်းပုံစံကို အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ် ... ဆံပင်ကြီးစည်းပြီး မျက်မှန်နဲ့ ဝတ်စုံပြည့်အဖြူအမည်းကာလာဒီဇိုင်းနဲ့လေ 😅) အဲ့လိုပုံတုံးတုံးနဲ့ ဇီဇာကြောင်တဲ့သူမကို အိမ်ထောင်ဖက်တွေ့တဲ့သူတိုင်းက လက်ခါပြရုံတင်မကဘဲ ၊ အိမ်ထိန်း(အိမ်အကူ) တွေကလည်း သူမ အိမ်ကိုတစ်ယောက်မှမလာချင်ကြဘူးတဲ့ ... ဒီလိုနဲ့ စုန်းမတစ်ယောက် မမျှော်လင့်ထားတဲ့ အကြောင်းရင်းပေါင်းစုံနဲ့ တစ်နေ့မှာ " ချယ်မူယွန်း " ဆိုတဲ့ကောင်လေးနဲ့ ဆုံဖြစ်ပါတော့တယ် ... မူယွန်းကကျ မိဘတွေဖြစ်စေချင်တဲ့ ဆေးကျောင်းကို ကိုယ့်သဘောနဲ့ကိုယ်နှုတ်ထွက်လိုက်ပြီး ၊ ကိုယ်ဝါသနာပါတဲ့ စာဖိုမှူးတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတဲ့ သူတစ်ယောက် ... အဲ့လိုကနေ တစ်ရက်ကျ စုန်းမ ကားကိုဝင်တိုက်မိပြီး လျော်ကြေးပေးဖို့မတတ်နိုင်တဲ့အတွက် မူယွန်းတစ်ယောက် သူမအိမ်မှာ အိမ်အကူနဲ့ သူမရဲ့အချစ်ရေးနည်းပြ လုပ်ပေးဖို့ဖြစ်လာတော့တယ် .... နောက်ပြီး တစ်ဆက်တည်းမှာပဲ စုန်းမ ရဲ့ဘေးမှာ နောက်ထပ် မင်းသားလေးနှစ်ယောက်လည်းရှိနေသေးတယ် .... သူတို့ကတော့ စုန်းမရဲ့ ငယ်သူငယ်ချင်း - နာမည်ကျော် စားဖိုမှူးကြီး ဂျော်နီခရူကာ နဲ့ စုန်းမရဲ့ အချစ်ဦး - ခွဲစိတ်ဆရာဝန်လေး ယူဂျွန်းဟာ တို့ပါ .... ဒီလိုနဲ့ တွေ့သမျှယောက်ျားလေးတိုင်းကို လန့်ပြေးအောင်လုပ်နိုင်တဲ့ မာနရှင် စုန်းမတစ်ယောက် အချစ်ရေးနည်းပြ ကိုစူပါမင်းရဲ့ လမ်းညွှန်မှုအောက်မှာ ဘယ်လိုတွေပြောင်းလဲလာကြမလဲ ... သူမ ဘေးက မင်းသားချောနှစ်ယောက်ကကော သူမ အပေါ်သဘောထားတွေပြောင်းလဲလာပါ့မလား ... " ဆောင်းမီ " ဆိုတဲ့ ရည်းစားချော ရှိနှင့်ပြီးတဲ့ ကိုစူပါမင်းကြီးကကော စုန်းမနဲ့အနေနီးရင်း သူမအပေါ် ချစ်ကျွမ်းဝင်မိသွားမလားဆိုတာ .... ငါးယောက်ကြားက ရင်ခုန်စိတ်လှုပ်ရှားစရာ အချစ်ဇာတ်လမ်းလေးကို အတူတူစောင့်ကြည့်ကြရအောင်လားဗျာ ...