-
Movie Name
-
Teacher's Pet (2025)
-
Year
-
2025
-
Generes
-
Drama
-
Code
-
EN4663
-
Type
-
Movie
-
Size
-
688 MB
-
Country
-
Hollywood
-
Description
-
ဒီဇာတ်ကားက ဒီနှစ် (၂၀၂၆) ဖေဖော်ဝါရီ ၆ ရက်နေ့မှ စထွက်လာတဲ့ Thriller ကားသစ်လေးပါ။
ဇာတ်လမ်းကတော့ ရိုးရှင်းပေမဲ့ တော်တော်လေး သည်းထိတ်ရင်ဖို ဖြစ်ရမယ့် ပုံစံမျိုးပါ။ အဓိကဇာတ်ဆောင်က Clara ဆိုတဲ့ ကျောင်းသူလေးပေါ့။ သူက စာတော်တယ်၊ ဉာဏ်ကောင်းတယ်၊ ရည်မှန်းချက်ကြီးတယ်။ ဒါပေမဲ့ သူ့ဘဝက မလွယ်ဘူး။ မွေးစားမိဘတွေနဲ့ နေရတာဖြစ်ပြီး အိမ်မှာလည်း အဆင်မပြေ၊ ငွေကြေးကလည်း ကျပ်တည်းတော့ သူ့မျှော်လင့်ချက်တစ်ခုလုံးက Yale တက္ကသိုလ်ကို Scholarship နဲ့ သွားတက်ပြီး ဒီဘဝဆိုးကနေ လွတ်မြောက်ဖို့ပါပဲ။
ဒီလိုနဲ့ ကျောင်းမှာ အင်္ဂလိပ်စာဆရာ အသစ်ရောက်လာတယ်။ နာမည်က Mr. Heller တဲ့။ ကြည့်ရတာတော့ သဘောကောင်းမလို၊ စာသင်ပြတာ ကောင်းမလိုလိုနဲ့ တကယ်တမ်းကျတော့ သူက သာမန်ဆရာတစ်ယောက် မဟုတ်နေဘူး။ Clara ကို သူက အစပိုင်းမှာ Mentor တစ်ယောက်လို ကူညီပေးမယ်ဆိုပြီး နားချတယ်။ Clara ကလည်း သူ့ရဲ့ Yale အိပ်မက်အတွက် အထောက်အကူဖြစ်မယ်ဆိုပြီး ဆရာခိုင်းတာတွေကို လုပ်ပေးရင်းနဲ့ ယုံကြည်မိသွားတယ်။
ဒါပေမဲ့ နောက်ပိုင်းကျတော့ ဆရာ့အပြုအမူတွေက တဖြည်းဖြည်း မူမမှန်တော့ဘူး။ Clara အပေါ်ထားတဲ့ သူ့စိတ်က ရိုးရိုးဆရာတပည့် သံယောဇဉ်မဟုတ်ဘဲ "Obsession" (စွဲလမ်းမှု) ဘက်ကို ရောက်လာတယ်။ ပြီးတော့ ကျောင်းပတ်ဝန်းကျင်မှာ လူသေမှုတွေ၊ ထူးဆန်းတာတွေ ဖြစ်လာတဲ့အခါ Clara တစ်ယောက် သတိထားမိသွားတယ်။ ဒီဆရာက သူ့အတိတ်မှာ အမှောင်ဖုံးနေတဲ့ ရာဇဝင်တွေရှိပြီး စိတ္တဇ လူ-တ်သမားတစ်ယောက် ဖြစ်နေမှန်း ရိပ်မိသွားတဲ့အခါ...
Clara တစ်ယောက် သူ့အိပ်မက်ဖြစ်တဲ့ Yale ကို သွားနိုင်မလား၊ ဒါမှမဟုတ် ဒီဆရာ့လက်ထဲကနေ အသက်ရှင်လျက် လွတ်မြောက်အောင် အရင်ကြိုးစားရမလား ဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။
ဒီကားက သွေးသံရဲရဲ Horror မျိုးထက် စိတ်ကို ကစားတဲ့ Psychological Thriller ဘက် ပိုသွားပါတယ်။ ဆရာ Mr. Heller နေရာက သရုပ်ဆောင်တဲ့ Luke Barnett က ကြည့်ရတာ ပုံမှန်လူလိုလိုနဲ့ ကြက်သီးထစရာကောင်းတဲ့ ပုံစံကို ပီပြင်အောင် လုပ်ထားတယ်လို့ ဝေဖန်ရေးဆရာတွေက ချီးကျူးထားကြပါတယ်။ Horror ဖန်တွေရင်းနှီးတဲ့ မင်းသမီးကြီး Barbara Crampton လည်း မွေးစားအမေနေရာက ပါဝင်ထားပါတယ်။
Thriller ကြိုက်တဲ့သူတွေအတွက် အပျင်းပြေ ကြည့်လို့ကောင်းမယ့် ကားသစ်လေးတစ်ကားပါ။