Movie Name
Adrift (2018)
Year
2018
Generes
Action, Adventure, Biography
Code
00972
Type
Movie
Size
800 MB
Country
Hollywood
Description
Rotten Tomatoes rate 73%‌Adrift ( မျောပါခြင်း) ဆိုတဲ့အချစ်ကားလေးက ပင်လယ်ကိုအပျော်ခရီး ထွက်ရင်း မတော်တဆလှေမောက်သွားတဲ့ ချစ်သူနှစ်ဦးရဲ့ ၁၉၈၃ကဖြစ်ရပ်လေးကို ဒီနေ့ခေတ်ပုံစံအသွင့်ဖြင့်ရုပ်ရှင်ပြန်လည်ရိုက်ကူးထားတာပါ‌ဒီကားထဲက ရစ်ချက်သရုပ်ဆောင်မင်းသားကို2016 ခုနစ်က အင်္ဂလန်မှာ ရိုက်ကူးခဲ့တဲ့အချစ်ကားလေး ( me before you) ဆိုတဲ့ကားကိုကြည့်ဖူးရင်သိမှာပါအဲ့ကားထဲမှာ မင်းသားက wheelchairပေါ်ထိုင်နေရတဲ့ သူဌေးသားတစ်ဦးဖြစ်ပြီး မင်းသမီးကတော့ မင်းသားကိုပြုစုဖို့အလုပ်လာလျှောက်တဲ့ကောင်မလေးပေါ့ ဒီအချစ်ကားလေးအဆုံးမှာမင်းသားက သူ့ဘဝတစ်ခုလုံး wheelchairပေါ်မှာထိုင်ရင်းမကုန်ဆုံးနိုင်တော့လို့သူ့ကို ဆေးထိုးသက်ပေးခိုင်းလိုက်တာပါ တကယ့်ကိုရင်နှစ်ဖွယ်ကားလေးပါ‌အခုဒီကားလေးမှာလဲSam Claflinပါဘဲအင်္ဂလန်နိုင်ငံရဲ့မင်းသားပီပီ မျက်ခုံးထူထူ နှာတန်ချွန်ချွန်ပါးသိုင်းမွေးရေးရေးလေးတွေနဲ့ တကယ့်ကိုယောကျ်ားပြီသတဲ့ရုပ်ပါဘဲ XP မှ မြန်မာ့ရိုးရာ ဖုန်းကာဗာ အမျိုးမျိုးအား တစ်နိုင်ငံလုံး အနှံ့ ဖြန့်ချီပေးနေပါပြီ ‌အခု ဒီ 2018 July လထွက် Adrift ကတစ်ကားလုံးပေါင်းမှ ဇာတ်ကောင်၅ဦးဘဲပါတယ်သမုဒ္ဒရာရေပြင်နဲ့ ရှုခင်းတွေက ကြည့်ရတဲ့သူတဲ့စိတ်ကိုတကယ် အေးချမ်းစေပါတယ်‌ဇာတ်လမ်းလေးကတော့ဒီလိုရှင့်…‌ကောင်မလေးက ကယ်လီဖိုးနီးယာပြည်နယ် စန်ဒီရေးဂိုမြို့ကနေကောင်လေးနေတဲ့ တာဟစ်တီဆိပ်ကမ်းမြို့လေးကသင်္ဘောပေါ်မှာအလုပ်လုပ်ဖို့ရောက်လာပါတယ်‌နောက်တော့ ကောင်လေးနဲ့တွေ့ပြီမင်းသားကသူ့လှေပေါ်မှာညစာလာစားဖို့ဖိတ်ခေါ်လိုက်ပါတယ်အဲ့ညမှာကောင်မလေးက ပင်လယ်ကိုရွက်လွင့်တာကြိုက်မှန်သိလို့ သူတစ်ကမ္ဘာလုံးရွက်လွင့်ပြီကိုလိုက်ပြဖို့ခွင့်တောင်းပါတယ် နောက်နေ့မှတော့ ချစ်သူနှစ်ဦး အပျော်စီးလှေလေးနဲ့ပစိဖိတ်သမုဒ္ဒရာကြီးကို ဖြတ်ပြီးရွက်လွင့်ကျပါတော့တယ်‌ဟာဇက်နာဆိုတဲ့မြို့မှ ခနဈေးဝင်ဝယ်ထွက်ရင်းကောင်လေးသူငယ်ချင်းဟောင်းနှစ်ယောက်နဲ့ပြန်ဆုံပြီးဒေါ်လာတစ်သောင်းရမယ့် ကမ်းလှမ်းချက်တစ်ခုကိုကမ်းလှမ်းခံရပါတယ်‌ကမ်းလှမ်းချက်က ဟာဇက်နာကနေ ကယ်လီဖိုးနီးယာပြည်စန်ဒီရေးဂိုကိုသူတို့အစားရွက်လွင့်သွားပေးရမယ့်တာဝန်ပါ‌အရမ်းကောင်းတဲ့အခွင့်ရေးဖြစ်လို့ လက်ခံလိုက်ပြီ ချစ်သူနှစ်ဦးခရီးစထွက်ရင်း ပစိဖိတ်သမုဒ္ဒရာမှာ အမေရိကားအလယ်ပိုင်းကိုအားပြင်းပြင်းနဲ့ဝင်ရောက်တိုက်ခတ်လာတဲ့လေမုန်တိုင်းတစ်ခုမိသွားခဲ့ပါတယ်‌ထိုမုန်တိုင်းကြောင့် လှေမှောက်ပြီး ပစိဖိတ်ထဲမှာ ၄၁တစ်ရက်အထိအသက်ရှင်အောင်နေထိုင်ခဲ့တဲ့လူငယ်စုံတွဲနှစ်ယောက်ရဲ့ဖြစ်ရပ်မှန်လေးကိုရိုက်ကူးထားတာပါ ‌ ‌CM ကပရိတ်သတ်တွေ ဒီကားကိုကြည့်ရင် အဆုံးကျရင်”ဟာ”ကနဲဖြစ်သွားစေရမယ်‌‌ကျွန်မဒီလောက်ထိဘဲ ဇာတ်ကားကိုမိတ်ဆက်ပေးလိုက်ပါတယ်‌ဟုတ်CM ပရိတ်သတ်တွေကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်