Movie Name
Goddess Bless You From Death .2025
Year
2025
Generes
Action, Drama, Roma
Code
ST1130
Type
Series
Size
5.26 GB
Country
Thai
Description
BL ချစ်သူတွေအတွက်တော့ သမားရိုးကျ အချစ်ဇာတ်လမ်းတွေထက် ပိုတဲ့ အရသာသစ်တစ်ခုကို CHANGE2561 က ထပ်မံယူဆောင်လာပါပြီ။ "Pit Babe" လို အောင်မြင်တဲ့ကားကို ထုတ်လုပ်ခဲ့တဲ့ Production ကပဲ BL, Horror (သရဲ)၊ နဲ့ Crime (မှုခင်းစုံစမ်း) ဇာတ်အိမ်ကို ရောသမမွှေထားတဲ့ "Goddess Bless You From Death" (သိုမဟုတ်) "สิงสาลาตาย" ဆိုတဲ့ စီးရီးသစ်ကို တင်ဆက်လိုက်ပါပြီ။ ဒီဇာတ်လမ်းက သာမန် BL ကားတွေလို ချိုမြိန်နေမှာ မဟုတ်ပါဘူး။ ဇာတ်လမ်းအဖွင့်မှာပဲ ကြောက်မက်ဖွယ်ရာ၊ ထူးဆန်းတဲ့ လူသတ်မှုကြီးတစ်ခုနဲ့ စတင်ထားပါတယ်။ စုံထောက် "Singha" (สิง) သူက ဒီအမှုကို လိုက်ရမယ့် စုံထောက်ပါ။ မှုခင်းနေရာကို ရောက်သွားတဲ့အခါမှာ သွေးအိုင်ထဲမှာ ထိုင်နေတဲ့ တစ်ဦးတည်းသော ရှင်ကျန်သူကို တွေ့လိုက်ရတယ်။ သံသယတရားခံ "Thup" (ธูป) သူကတော့ အဲ့ဒီသတ်ဖြတ်မှုကြီးထဲကနေ ရှင်ကျန်သူ "Thup" ပါ။ တစ်ကိုယ်လုံး သွေးတွေနဲ့ပေကျံနေပြီး ကြောက်လန့်တကြားဖြစ်နေတဲ့ သူ့ကို Singha က အဓိက သံသယတရားခံအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒါပေမဲ့ Thup က သူသတ်တာမဟုတ်ကြောင်း၊ "တစ္ဆေ" တွေက သတ်တာဖြစ်ကြောင်း ထွက်ဆိုပါတယ်။ "ကျွန်တော် ခင်ဗျားအနားမှာ ရှိနေတဲ့အခါ... သရဲတွေ ပျောက်သွားတယ်။" Thup က သရဲတစ္ဆေတွေကို အမြဲမြင်နေရပြီး သူတိုရဲ့ ခြောက်လှန့်မှုကို ခံနေရသူပါ။ ဒါပေမဲ့ ထူးဆန်းစွာပဲ စုံထောက် Singha ရဲ့ အနားကို ရောက်သွားတဲ့အခါမှာတော့ အဲ့ဒီသရဲတစ္ဆေတွေက သူ့ကို မခြောက်လှန့်ရဲတော့ပါဘူး။ ဒီအချက်ကြောင့်ပဲ တစ်ယောက်ကိုတစ်ယောက် မယုံကြည်ကြတဲ့၊ တစ်ယောက်က စုံထောက်၊ တစ်ယောက်က သံသယတရားခံ ဖြစ်နေတဲ့ သူတိုနှစ်ယောက်ဟာ အမှုမှန်ပေါ်ပေါက်ဖိုနဲ့ သရဲတစ္ဆေတွေရဲ့ ဘေးကလွတ်မြောက်ဖိုအတွက် အတူတူရှိနေဖို ဖြစ်လာပါတော့တယ်။ စုံထောက်တစ်ယောက်နဲ့ သရဲမြင်တဲ့ သံသယတရားခံတစ်ယောက်ရဲ့ ကြောက်မက်ဖွယ်ရာ အမှုကြီးကြားက ပေါက်ဖွားလာမယ့် အချစ်ဇာတ်လမ်း... ရင်ခုန်သံရော၊ ကြောက်လန့်မှုရော တစ်ပြိုင်တည်း ခံစားရမယ့် ဒီစီးရီးကို ကြည့်ဖို အဆင်သင့်ဖြစ်ပြီလား? ဒီချန်နယ်လေးမှာ အသင့် ဖျာခင်းပြီးစောင့်လိုက်တော့နော်