Movie Name
120 Bahadur 2025
Year
2025
Generes
Action, War
Code
IND1791
Type
Movie
Size
1.14 GB
Country
Bollywood
Description
ဒီနေ့မှာတော့ အိန္ဒိယစစ်သမိုင်းမှာ တကယ်ကို ဂုဏ်ယူစရာကောင်းတဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ "120 Bahadur" ဆိုတဲ့ ရုံတင်ကားအကြောင်း တင်ဆက်ပေး ထားပါတယ် မင်းသား ဖာဟန် အက်ခ်တာက အဓိကပါဝင်ထားပြီး ဘတ်ဂျက် ကုဋေ ၉၀ ထိ ကုန်ကျခံရိုက်ကူးထားခဲ့တာပါ ဇာတ်လမ်းလေးက ၁၉၆၂ ခုနှစ် အိန္ဒိယနဲ့ တရုတ်ကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကာလကို နောက်ခံထားထားတာပါ လာဒက်ခ်ဒေသရဲ့ အလွန်အေးခဲလှတဲ့ "Rezang La" ဆိုတဲ့ တောင်ကြားမှာ မေဂျာ ရှိုင်းတန်ဆင်းဂ်ဦးဆောင်တဲ့ အိန္ဒိယစစ်သည် ၁၂၀ က တပ်စွဲထားပါတယ် သူတို့ရဲ့ အဓိကတာဝန်ကတော့ အရေးပါတဲ့ Chushul လေယာဉ် ကွင်းကိုတရုတ်တပ်တွေ မသိမ်းပိုက်နိုင်အောင် ကာကွယ်ဖို့ပေါ့..... ဒါပေမဲ့ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုကတော့ တရုတ်စစ်တပ်ဘက်က အင်အား ၃၀၀၀ ကျော်နဲ့ အလုံးအရင်း ကျူးကျော်လာတာပါ အင်အားချင်းက ၁ နဲ့ ၂၅ လောက်အထိ ကွာခြားနေပြီး လက်နက်ခဲယမ်းကလည်း မမျှတတဲ့ အခြေအနေ၊ အနုတ် ၃၀ ဒီဂရီအောက်ရှိတဲ့ အေးခဲနေတဲ့ ရာသီဥတုကြားမှာ သူတို့ ၁၂၀ က ရန်သူ ၃၀၀၀ ကျော်ကို ဘယ်လို ရဲရဲဝံ့ဝံ့ ခုခံတိုက်ခိုက်သွားမလဲ ဆိုတာကို ကြည့်ရှုလိုက်ကြပါဦး