Movie Name
A Touch Of Warm 2026
Year
2026
Generes
Action, Drama
Code
CN1093
Type
Movie
Size
1.64 GB
Country
China
Description
ဒါကတော့ နာမည်ကြီးသရုပ်ဆောင် Hu Ge နဲ့ Yan Ni တိုလို အနုပညာရှင်ကြီးတွေ ပါဝင်ထားတဲ့ သွေးသုံးစက် (三滴血) A Touch of Warm ဆိုတဲ့ ရုံတင်ရုပ်ရှင်လေး ဖြစ်ပါတယ်။ လူကုန်ကူးမှု ဂိုဏ်းစတားလောကအကြောင်းကို ရိုက်ကူးထားတဲ့ Crime Thriller ကားကောင်းတစ်ကားဖြစ်လို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း "သုံး" ဆိုတဲ့ ကိန်းဂဏန်းဟာ မိသားစုတစ်ခုရဲ့ အသေးငယ်ဆုံးသော ယူနစ်ဖြစ်ပြီး၊ "သွေးသား" ဆိုတာကတော့ ထိုမိသားစုကို ခိုင်မြဲစေတဲ့ နှောင်ကြိုးတစ်ခုပါ။ ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ တစ်ယောက်နဲ့တစ်ယောက် လုံးဝမသိကြတဲ့ သူစိမ်းသုံးယောက်ဟာ ကံကြမ္မာရဲ့ စေခိုင်းမှုကြောင့် ဘဝတစ်ခုထဲမှာ ဆုံစည်းခဲ့ကြပါတယ်။ လူကောင်းလား၊ လူဆိုးလား ခွဲခြားရခက်တဲ့ "Reindeer" ဆိုတဲ့ အမျိုးသား၊ ကိုယ်ဝန်အရင့်အမာနဲ့ အမျိုးသမီး Li Qi နဲ့ စကားမပြောနိုင်တဲ့ "Popsicle" ဆိုတဲ့ ကောင်လေး... သူတိုသုံးယောက်ဟာ မိသားစုအစစ်အမှန်သဏ္ဌာန် ဟန်ဆောင်ပြီး အန္တရာယ်များတဲ့ လောကထဲမှာ ကျင်လည်နေကြပါတယ်။ သူတိုဟာ တစ်ခါတလေမှာ သားကောင်ဖြစ်သလို၊ တစ်ခါတလေမှာတော့ မုဆိုးတွေ ဖြစ်နေတတ်ပါတယ်။ ဒီဟန်ဆောင်မှုတွေရဲ့ နောက်ကွယ်မှာတော့ ကြောက်စရာကောင်းတဲ့ "မိသားစုလိုက် လူကုန်ကူးမှု" ဂိုဏ်းကြီးရဲ့ အမှောင်ကွင်းဆက်တွေ တဖြည်းဖြည်း ပေါ်ပေါက်လာတဲ့အခါ ...... အသက်လုရှင်သန်ရမယ့် အခြေအနေတွေကြားမှာ သူတိုသုံးယောက်ရဲ့ ကံကြမ္မာ ဘယ်လိုဖြစ်မလဲဆိုတာကို ရင်တလှပ်လှပ်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်‌နော်