Movie Name
Gift From A Cloud 2025
Year
2025
Generes
Drama, Roma
Code
CN1094
Type
Movie
Size
1.88 GB
Country
China
Description
ဒီတစ်ခါမှာတော့ ဂျပန်၊ကိုရီးယား ဗားရှင်းတွေနဲ့ အောင်မြင်ခဲ့တဲ့ Be With You ဆိုတဲ့ဇာတ်လမ်းလေးကို တရုတ်ဗားရှင်းရုပ်ရှင်တစ်ပုဒ်အနေနဲ့ ပြန်လည်ဖန်တီးထားတဲ့ စိတ်ကူးယဥ် ရိုမန့်တစ်အမျိုးအစား ရုပ်ရှင်လေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါမယ် ဒီရုပ်ရှင်လေးထဲမှာ Main Role တွေအနေနဲ့ မင်းသားမင်းသမီးချောလေးတွေဖြစ်တဲ့ Qu Chuxiao နဲ့ Wang Ziwen တို့ ပါဝင်ထားပါတယ်... အချစ် အမှတ်တရတို့ကို ဖော်ဆောင်ထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပြီး မိုးစက်တွေနဲ့အတူ ကြည့်ရှုသူတွေစိတ်ထဲမှာ အမြဲတမ်းကျန်ရစ်သွားမဲ့ အမှတ်တရတစ်ခုဖြစ်လာမဲ့ 2025 ခုနှစ်ကထွက်ရှိထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် >>>ဇာတ်လမ်းအညွှန်း<<< မိုးရာသီရဲ့မိုးစက်တွေကြားမှာ ဇနီးနဲ့သားလေးဆီကို ကတိအတိုင်း ပြန်ရောက်ရှိလာတဲ့ချင်ထျန်းတစ်​ယောက်... တစ်ဖန်ပြန်ရောက်ရှိလာတဲ့ ချင်ထျန်းဟာ အတိတ်မှတ်ဉာဏ်တွေကို မေ့လျော့နေခဲ့ပါတယ်... ဒါပေမဲ့ မှတ်ဉာဏ်သစ်တွေနဲ့ ချစ်ရသူအမျိုးသမီးလေးနဲ့ သားလေးအပေါ် ချစ်ခြင်းမေတ္တာတွေအပြည့်အဝ ပေးရင်း ဘယ်လိုအလှည့်အပြောင်းတွေ ကြုံလာရမလဲဆိုတာ... ချင်ထျန်းရဲ့ချစ်ရတဲ့ဇနီးဖြစ်သူ ရှောင်းဖန်ကရော ချစ်ရတဲ့သူပြန်ရောက်လာပြီး ပြန်ဆုံစည်းရတဲ့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်တွေကိုခံစားရပေမဲ့လည်း တစ်ဖန် ပြန်လည်ခွဲခွာရဖို့ဖြစ်လာမဲ့ ကံကြမ္မာကိုလည်း ဘယ်လိုရင်ဆိုင်မလဲဆိုတာ... မိုးရာသီရဲ့အလှတရားကို အနက်အဓိပ္ပါယ်အ​ပြည့်နဲ့ဖော်ဆောင်ထားပြီး နူးညံ့ပြီး​တော့ ကြည်နူးစရာကောင်းတဲ့အချစ်ဇာတ်လမ်းလေးအနေနဲ့ ချစ်ခြင်းတရားက အချိန်ရဲ့နိယာမ တရားကြီးကို ကျော်လွှားနိုင်ပုံတွေကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်...ဂျပန်နဲ့ကိုရီးယားဗားရှင်းတွေကို ကြည့်ရှုဖူးသူတွေအနေနဲ့လည်း တရုတ်ဗားရှင်းအနေနဲ့ တစ်ဖန်ဆန်းသစ်တဲ့ စိတ်ခံစားချက်လေးကို ဖော်ဆောင်ပေးမဲ့ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်