Movie Name
After The Dark (2013)
Year
2013
Generes
Fantasy, Sci-Fi
Code
00973
Type
Movie
Size
992 MB
Country
Hollywood
Description
After the Dark (2013) ဆိုတဲ့ရုပ်ရှင်ကားလေး အကြောင်းနည်းနည်းပြောပြမယ်ဒီကားကို နောက်နာမည် တစ်မျိုးနဲ့ The Philosophers လို့လဲ ခေါ်တယ်တစ်ရက်သော နေ့မှာ ဘာမှ ကြည့်စရာမရှိလို့အဲ့ဒီကားလေးကို သည်းခံကြည့်နေတာအတော်ပျင်းဖို့ ကောင်းတာပါစာသင်ခန်းထဲက အကြောင်းလေးတွေ ဘာညာပေါ့ဒီလိုနဲ့ တကယ်ကောင်းတဲ့ အခန်းက သိပ်မကြာဘူးရောက်လာတယ်ကျောင်းသားတွေရဲ့ philosophy teacher ကကျောင်းသား တွေ အားလုံးကို စုပြီး Game တစ်ခု ကစားတယ်စိတ်ထဲကနေ ကစားရတာမျိုး အတွေးအခေါ် နဲ့ပေါ့ကျောင်းသားတွေ အားလုံးကို ကမ္ဘာစစ်ကြီး ဖြစ်ပြီးတဲ့အချိန်ကို ခေါ်သွားတယ် (စိတ်ထဲကနေ)ပြီးတော့ ကမ္ဘာပေါ်မှာ အဆိပ်ငွေ့နေတုန်းဖုံးလွမ်းနေတုန်း အချိန်မှာ အသက်ရှင်နိုင်တဲ့မြေအောက်ခန်း ရှိနေတယ်ဒါပေမယ့် အဆိပ်ငွေ့တွေ ကုန်တဲ့ အချိန်ထိ ဆိုရင်အသက်ရှင်ဖို့ စားဖို့ သောက်ဖို့ အောက်စီဂျင် နဲ့အစားအသောက်က ၁၀ ယောက် စာပဲ ရှိတယ်ဒီတော့ကာ ကျောင်းသားတွေကို မဲလိပ် နှိုက်ခိုင်းတယ်ပညာရှင်ရွေးတာမျိုး မဲလိပ်တွေထဲမှာကဗျာဆရာ ၊ ကျောင်းဆရာ ၊ ရှေ့နေ ၊ ဆရာဝန်အင်ဂျင်နီယာ ဘာညာပေါ့အဲ့လို တစ်ယောက်က မဲလိပ်နှိုက်ရင် ကျန်တဲ့သူတွေကဒီတစ်ယောက်ကို ခေါ်သင့် မခေါ်သင့် မဲပြန်ခွဲရတယ်ကဗျာဆရာ ကျတယ် ဆိုပါတော့စစ်ပြီး ကာလ မှာ ကဗျာ ဆရာကို မလိုအပ်ဘူးကဗျာဆရာ က အပိုပဲ လို့ သက်မှတ်ပြီး သတ်ပစ်လိုက်တယ်ဆရာဝန် ဆိုရင်တော့ မဲက အပြည့်ပဲ ဘာလို့ဆိုစစ်ပြီးကာလ မှာ ဆရာဝန်က လိုအပ်တယ်ပေါ့ဒီလိုနဲ့ အဲ့ဒီ Game ကို နိုင်ဖို့က ၁၀ ယောက် ဟာစည်းစည်းလုံးလုံး နဲ့ အဆိပ်ငွေ့တွေ ပြယ်တဲ့ အချိန်မှာအသက်ရှင်နေနိုင်ရမယ် ပေါ့ဒါပေမယ့် သူတို့ အားလုံး အကြိမ်ကြိမ်ဆော့တိုင်းမနိုင်ခဲ့ပါဘူး သူတို့ထဲက လျို့ဝှတ်ချက် တစ်ခုကိုကိုင်ဆောင်ထားတဲ့ တစ်ယောက်က Leader မလုပ်သ၍ပေါ့အရမ်း စိတ်ဝင်စားဖို့ ကောင်းပါတယ်…ဘယ်သူကများ ဒီ Game ကို အောင်မြင်သွားလဲ ဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါအုံးဒီ ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့Cm Translator May ThaZin Soe ဖြစ်ပါတယ်