Movie Name
Red Wedding Dress : Paper Bride 2026
Year
2026
Generes
Horror
Code
CN1098
Type
Movie
Size
1.29 GB
Country
China
Description
တရုတ်ရိုးရာ ဝိညာဉ်များနေ့ရောက်ရှိလာချိန်မှာတော့ ငရဲတံခါးကြီး ပွင့်ထွက်သွားပြီး မကျွတ်မလွတ်သေးတဲ့ နာနာဘာဝ ဝိညာဉ်ဆိုးတွေဟာ လူ့လောကထဲကို တိုးဝှေ့ဝင်ရောက်လာကြပါတယ်။ သွေးစွန်းနေတဲ့ သံခြေချင်းတွေကို ကိုင်ဆောင်ထားတဲ့ ငရဲစစ်သည်တွေဟာ အပြစ်မဲ့ လူသားတွေရဲ့ ဝိညာဉ်တွေကို လမ်းမပေါ်မှာတင် ရက်ရက်စက်စက် ဆွဲထုတ်နေကြပြီး၊ တစ်ချိန်က စည်ကားခဲ့တဲ့ မြိုကြီးဟာ တစ်ညအတွင်းမှာတင် သွေးပျက်ဖွယ်ရာ ငရဲဘုံအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဒီလို ဘေးဒုက္ခတွေကြားထဲမှာ Yin Yang ပညာရှင် Ye Wushuang နဲ့ Li Feiyun တိုဟာ ဒီအန္တရာယ်ကို တားဆီးဖို သေမင်းတမန် နယ်မြေထဲကို ခြေစုံပစ် ဝင်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူတို ရင်ဆိုင်ရမှာက သာမန် ဝိညာဉ်မျိုး မဟုတ်ဘဲ အလွန်ကြောက်စရာကောင်းတဲ့ ဝတ်စုံနီဝတ် စက္ကူသတိုသမီး ပဲ ဖြစ်ပါတယ်။ ညသန်းခေါင်ယံမှာ ပါးပြင်မှာ နီရဲနေတဲ့ ဆေးရောင်တွေနဲ့ နားရွက်အထိ ဖြဲထားတဲ့ ပါးစပ်တွေရှိတဲ့ စက္ကူရုပ်လေးရုပ်ဟာ လေပေါ်မှာ ဝဲပျံရင်း အခေါင်းတစ်ခုကို ထမ်းပြီး နန်းတွင်းအမတ်ကြီးရဲ့ အိမ်ဆီကို ချဉ်းကပ်လာပါတော့တယ်။ နောက်တစ်နေ့ မနက်မှာတော့ အမတ်ကြီးဟာ လူ့အရေခွံသက်သက်ပဲ ကျန်တော့ပြီး စက္ကူရုပ်အဖြစ် ခေါက်ခံထားရတာကို တွေ့လိုက်ရပါတယ်။ ဒီစက္ကူသတိုသမီး ဖြတ်သန်းသွားတဲ့ နေရာတိုင်းမှာ သက်ရှိမှန်သမျှ မျိုးတုံးပျောက်ကွယ်ရပြီး၊ တစ်လမ်းလုံးမှာ ရှိတဲ့ လူတွေဟာလည်း သေခါနီး ကြောက်လန့်တကြား အမူအရာတွေအတိုင်း စက္ကူရုပ်တွေအဖြစ် ပြောင်းလဲသွားကြပါတယ်။ ဘယ်သူမှ မလွတ်တမ်း အသက်လုနေရတဲ့ ဒီကျိန်စာက ဘယ်ကနေ စတင်ခဲ့တာလဲ? Ye Wushuang တို သူရဲကောင်းနှစ်ဦးကရော ဒီငရဲတွင်းထဲကနေ Shura City ကြီးကို ကယ်ထုတ်နိုင်ပါ့မလား? ဆိုတာကို အသည်းယားစရာ မြင်ကွင်းတွေနဲ့အတူ ကြည့်ရှုရမှာ ဖြစ်ပါတယ်။