Movie Name
The Anecdote Of Mountain 2026
Year
2026
Generes
Action
Code
CN1099
Type
Movie
Size
1.18 GB
Country
China
Description
ရှေးဟောင်းဒဏ္ဍာရီတွေအရ မျောက်၀ံတောင်လိုခေါ်တဲ့ တောင်ပေါ်မှာ မျောက်၀ံတိုင်းပြည်ဆိုတာ ရှိခဲ့ဖူးပါတယ်။ အဲဒီတိုင်းပြည်မှာ အလွန်ရှားပါးလှတဲ့ မျောက်၀ံဖြူကြီးတစ်ကောင်ရှိပြီး ပြည်သူတွေကတော့ သူ့ကို တိုင်းပြည်ကို စောင့်ရှောက်တဲ့ မျောက်နတ်ဘုရားအဖြစ် ကိုးကွယ်ကြပါတယ်။ တိုင်းပြည်အေးချမ်းဖိုအတွက် နေ့ညမပြတ် ပူဇော်ပသခဲ့ကြတာပေါ့။ ဒါပေမဲ့ မကြာသေးခင်ကစပြီး ထူးဆန်းတဲ့ ကောလာဟလတွေ ထွက်ပေါ်လာပါတယ်။ အဲဒါကတော့ "မျောက်နတ်ဘုရား" က အမျက်တော်ရှနေပြီး တိုင်းပြည်ကို ဆက်လက်မစောင့်ရှောက်တော့ဘူးဆိုတာပါပဲ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ တိုင်းပြည်ရဲ့ ဘုရင်ကြီးဟာလည်း ကုမရတဲ့ ဝေဒနာနဲ့ အိပ်ရာထဲ လဲနေခဲ့ပါတယ်။ ဒီလိုနဲ့ တိုင်းပြည်တစ်ခုလုံး ဖရိုဖရဲဖြစ်လာပြီး ဘုရင်ကြီးရဲ့ ကျန်းမာရေးနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ဟာ စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။ တကယ်ပဲ မျောက်နတ်ဘုရားက စိတ်ဆိုးနေတာလား? ဒါမှမဟုတ် ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ တစ်စုံတစ်ယောက်က အကွက်ကျကျ ကြံစည်နေတာလား? လျှိဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ မျောက်မင်းတောင်ရဲ့ ပဟေဠိကို ဘယ်သူတွေက ဖော်ထုတ်သွားမလဲဆိုတာကို ရင်ခုန်စရာ ရှုစားရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက တရုတ်ရှေးဟောင်း ဒဏ္ဍာရီလာ သတ္တဝါတွေကို နှစ်သက်တဲ့သူတွေနဲ့ လျှိဝှက်ဆန်းကြယ်တဲ့ ဇာတ်လမ်းတွေကိုမှ ရှေးခေတ်နောက်ခံနဲ့ ကြည့်ချင်သူတွေအတွက် အကြိုက်တွေ့စေမယ့် ကားမျိုးဖြစ်တာမို သေချာပေါက်ကြည့်သင့်ပါတယ်