Movie Name
Pig Hill 2025
Year
2025
Generes
Action, Horror
Code
EN4667
Type
Movie
Size
694 MB
Country
Hollywood
Description
Pig Hillဆိုတဲ့နေရာက ဝက်လူသားတွေအကြောင်း နယ်ခံဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Pig Hill မှာ အမျိုးသမီးတွေ တစ်စထက်တစ်စပျောက်လာရင်း ၁၀ ယောက်မြောက် အမျိုးသမီးပျောက်သွားတဲ့အခါ..ဝတ္ထုရေးဆရာမ ကယ်ရီက ဒီဒေသရဲ့ စိတ်ဝင်စားစရာ ဝက်လူသားတွေ ကောလဟာလကို စုံစမ်းရေး စာအုပ်ရေးဖို့ဖြစ်လာတဲ့ Survival Horror ကားတစ်ကားပါ။ The Odyssey ကားမှာပါဝင်လာမယ့် မင်းသား Shiloh Fernandezက ဦးဆောင်ပါဝင်ထားပါတယ်။ Pig Hill လို့ ခေါ်တဲ့ နေရာက အစမှာတော့ တိတ်ဆိတ်ပြီး မထင်မရှားတဲ့ တောင်ကုန်းတစ်ခုလို ထင်ရပေမယ့် အချိန်ကြာလာတာနဲ့အမျှ ပျောက်ဆုံးသွားတဲ့ လူတွေ၊ မြို့အနှံ့က သွေးကွက်တွေ၊ ထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့ အာရုံစိုက်စရာဖြစ်လာပါတယ်။ နောက်ပိုင်းမှာ သိလာတာက Pig Hill ဟာအပြင်လူတွေ ဝင်လာရင် ပြန်မထွက်နိုင်အောင် လုပ်ထားတဲ့ လျှို့ဝှက်နေထိုင်သူတွေ ရှိနေတဲ့နေရာဖြစ်ပါတယ်။ ဒီဝက်လူသားတွေဆိုတာ တကယ်လား ဒဏ္ဍာရီလားဆိုတာကို အဖြေရှာရင်းနဲ့ အန္တရာယ်တောထဲကို တိုးဝင်ဖို့ဖြစ်လာပါတော့တယ်