-
Movie Name
-
Marty Supreme .2025
-
Year
-
2025
-
Generes
-
Action, Drama
-
Code
-
EN4670
-
Type
-
Movie
-
Size
-
1.30 GB
-
Country
-
Hollywood
-
Description
-
ဇာတ်လမ်းက ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ အခြေတည်ထားတာပါ။ Marty Mauser (Timothée Chalamet) ဆိုတဲ့ လူငယ်တစ်ယောက်အကြောင်းပေါ့။ သူက ပင်ပေါင် (Table Tennis) ကစားတဲ့နေရာမှာ ပါရမီရှင်တစ်ယောက်။ ဒါပေမဲ့ သူက ရိုးရိုး အားကစားသမား မဟုတ်ဘဲ လောင်းကစားဝိုင်းတွေမှာ လူလည်လုပ်၊ အကွက်ရွှေ့ပြီး ပိုက်ဆံရှာတဲ့ Hustler တစ်ယောက်ပါ။
Marty ရဲ့ အိပ်မက်က ကမ္ဘာ့ချန်ပီယံ ဖြစ်ဖို့ပါ။ ဒါပေမဲ့ သူ့ဘဝက ပင်ပေါင်ပွဲတွေမှာပဲ ပြီးဆုံးမနေဘဲ အရှုပ်အထွေးတွေကြားမှာ ဗလုံးဗထွေး ဖြစ်နေတာ။ ငွေလိမ်တာတွေ၊ လူမိုက်တွေနဲ့ ပတ်သက်မိတာတွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေနဲ့ ဇာတ်ရှုပ်ခင်းတာတွေ စုံလို့ပါပဲ။ New York လမ်းမတွေပေါ်ကနေ နိုင်ငံတကာ ပြိုင်ပွဲတွေဆီ ရောက်သွားပေမဲ့ သူ့ရဲ့ မိုက်မဲတဲ့ဆုံးဖြတ်ချက်တွေ၊ စိတ်လိုက်မာန်ပါ လုပ်ရပ်တွေကြောင့် အခက်အခဲတွေ တစ်ခုပြီးတစ်ခု ကြုံရတာကို မြင်ရမှာပါ။
ဒီကားက သာမန် အားကစားရုပ်ရှင်တွေလို ပြိုင်ပွဲဝင်တယ်၊ နိုင်တယ် ဆိုတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ Josh Safdie ရဲ့ စတိုင်အတိုင်း ဇာတ်ရှိန်က မြန်တယ်၊ ဆူတယ်၊ ကြည့်ရတာ ရင်တမမ ဖြစ်တယ်။ Timothée Chalamet ရဲ့ သရုပ်ဆောင်ချက်ကလည်း အတော်ကို ကောင်းပါတယ်။ ပင်ပေါင်ရိုက်တဲ့ အခန်းတွေကလည်း တကယ့် အက်ရှင်ကား တစ်ကားလိုပါပဲ။