-
Movie Name
-
Alpha (2018)
-
Year
-
2018
-
Generes
-
Action, Adventure
-
Code
-
00975
-
Type
-
Movie
-
Size
-
803 MB
-
Country
-
Hollywood
-
Description
-
Rating 7/10 , Rotten Tomatoes 80% ရရှိထားတဲ့ အသစ်စက်စက်Drama Mysteryကားကောင်းလေးတစ်ကားကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ Alpha (2018) ပဲဖြစ်ပါတယ်။တစ်မူထူးခြားတဲ့ ဇာတ်လမ်း ဇာတ်အိမ်ကို တောင့်တနေတဲ့ ပရိသတ်ကြီးအဖို့ လုံးဝအကြိုက်တွေ့စေမှာပါ။ ဒီဇာတ်လမ်းရဲ့အဓိက ဇာတ်ဆောင် ကေဒါဆိုတဲ့ ကောင်လေးဟာ ကိုယ်ရှင်သန်ဖို့ သူများကိုသတ်ဖြတ်ရမယ်ဆိုတာကို လက်မခံနိုင်တဲ့ စိတ်သဘောထားနူးညံ့သူတစ်ဦးပါ။ဒါပေမယ့် သူနေထိုင်ရာအချိန်က အသက်ရှင်ဖို့ရုန်းကန်လှုပ်ရှားရတဲ့ ဥရောပရဲ့လွန်ခဲ့သောနှစ်ပေါင်းနှစ်သောင်းခန့်ကအချိန်ပါ။ တစ်နေ့မှာ သူတို့မျိုးနွယ်စု ဆောင်းတွင်းရိက္ခာရှာဖို့ ကေဒါရဲ့အဖေဖြစ်သူ မျိုးနွယ်စုအကြီးအကဲနဲ့ အမဲလိုက်ထွက်ရပါတော့တယ်။အမဲလိုက်နေစဉ်အတောအတွင်းမှာပဲ ကေဒါတောင်စောင်းပေါ်ကပြုတ်ကျပြီး ကျောက်ဆောင်တစ်ခုပေါ်မှာတင်ကာသတိလစ်သွားပါတော့တယ်။ဖခင်ဖြစ်သူလဲ မကယ်နိုင်ပဲ ကျန်ရှိနေတဲ့လူမျိုးစုအတွက် ကေဒါကိုထားခဲ့လိုက်ရပါပြီ။စိတ်ထားနူးညံ့သူကေဒါ ဘယ်လိုဆက်အသက်ရှင်မလဲ?ကြမ်းတမ်းလှတဲ့တောနက်ကြီးမှာသူဘယ်လိုရှင်သန်ရပ်တည်မလဲ?သူရဲ့နူးညံ့တဲ့စိတ်ထားကရော သေရေးရှင်ရေးနဲ့ ကြုံလာတဲ့အခါ ဆက်လက်နူးညံနိုင်ပါ့မလားဆိုတာ ရင်တစ်ဖိုဖိုနဲ့ ကြည့်ရှုရမယ့် ကားကောင်းလေးပါ။ဘဝခွန်အားတွေပါ ပေးစွမ်းနိုင်တဲ့ ကားကောင်းလေးဆိုလဲ မမှားပါဘူး။ဒီလိုကားကောင်းလေးကိုCMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။နာမည်ကတော့ Alpha (2018)ပါ။