-
Movie Name
-
My Page In The 90s. 2026
-
Year
-
2026
-
Generes
-
Drama, Roma
-
Code
-
CN1002
-
Type
-
Series
-
Size
-
7.37 GB
-
Country
-
China
-
Description
-
C drama fan တိုကို တင်ဆက်ပေးချင်တဲ့စီးရီးလေးတစ်ခုကတော့ ကမ္ဘာကူး Romance ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ခေတ်သစ်က အချစ်ရေးအကြံပေး Streamer တစ်ယောက်ဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေက နာမည်ကြီး အချစ်ဝတ္ထုထဲကို ရောက်သွားတာကို ဇာတ်အိမ်တည်ရိုက်ကူးပုံဖော်ထားတာပါ။
MC တွေကတော့ Love between lines, Love on the Turquoise Land တိုမှာ ပါဝင်ခဲ့တဲ့ ခပ်မိုက်မိုက်ဘဲကြီး Chen Xing Xu နဲ့ ချစ်စရာကောင်းပြီး သရုပ်ဆောင်ရာမှာကွက်တိကျတဲ့ Wang Yu Wen တိုက ဓာတုဗေဒတင်မက ရူပဗေဒမိမိပါ သရုပ်ဆောင်ထားကြပါတယ်။
ပုံမှန် Romance ကားတွေကြည့်ရတာကို ငြီးငွေ့နေရင်တော့ ဒီလိုကမ္ဘာကူးအချစ်ကားလေးကို ကြည့်ဖို Highly recommend ပါတယ်နော်!
ဇာတ်လမ်းအညွှန်း >>>
၂၀၂၅ ခုနှစ်ရဲ့ နာမည်ကြီး အချစ်ရေးအကြံပေး Streamer တစ်ယောက်ဖြစ်တဲ့ လင်ဟွမ်အာဟာ ၁၉၉၉ ခုနှစ်က ရေးသားခဲ့တဲ့ ရှေးရိုးစွဲအချစ်ဝတ္ထုတစ်ပုဒ်ထဲကို မတော်တဆဆွဲခေါ်ခံလိုက်ရပါတယ်။ အဲဒီမှာ ပရိယာယ်ကြွယ်ဝလှတဲ့ CEO ကောင်းဟိုင်မင်နဲ့ ထိပ်တိုက်တွေ့ဆုံရပါတော့တယ်။
လက်ရှိကမ္ဘာကိုပြန်နိုင်ဖိုအတွက် လင်ဟွမ်အာဟာ ကောင်းဟိုင်မင်းရဲ့အေးစက်စက်နှလုံးသားကိုအရည်ပျော်အောင် နည်းမျိုးစုံသုံးပြီး ကြိုးစားရင်းနဲ့မှ နောက်ဆုံးမှာတော့ သူကိုယ်တိုင်က ကောင်းဟိုင်မင်အပေါ်မှာ တကယ်သက်ဝင်ချစ်မိသွားတဲ့အခါ...
၁၉၉၀ နှောင်းပိုင်းက CEO ကြီးရဲ့ဂရုစိုက်မှုအဖြာဖြာ၊ အေးစက်စက်လူသားကြီးရဲ့ချစ်တတ်မှုမျိုးစုံအပြင် Wang Yu Wen ရဲ့ချစ်စရာကောင်းမှုတိုကိုကြည့်ရင်း စောင်ကိုက်အားကျရင်ကျပ်ချောင်းဆိုးချင်ရင်တော့ ဒီစီးရီးလေးကို လက်မလွှတ်တမ်းကြည့်ရှုအားပေးသင့်ပါပြီ ပြိတ်သတ်တိုရေ...!