Movie Name
Redux Redux (2026)
Year
2026
Generes
Drama, Horror
Code
EN4679
Type
Movie
Size
694 MB
Country
Hollywood
Description
၂၀၂၅ ရဲ့ နာမည်ကြီး Sci-fi Revenge Thriller တစ်ခုဖြစ်တဲ့ Redux Redux ကတော့ ရိုးရိုးကလဲ့စားချေတဲ့ကားမျိုးမဟုတ်ဘဲ Multiverse Concept ကို သုံးထားတာပါ။ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်က Irene Kelly ဆိုတဲ့ မိခင်တစ်ယောက်ပေါ့။ သူ့သမီးလေး Anna ကို Neville ဆိုတဲ့ လူသတ်သမားက ရက်ရက်စက်စက်သတ်သွားခဲ့တာပါ။ ဒါပေမဲ့ Irene မှာ တခြားကမ္ဘာတွေကို ကူးနိုင်တဲ့ စက်တစ်ခုရှိတယ်။ အဲဒီစက်နဲ့ သူက တစ်ကမ္ဘာပြီးတစ်ကမ္ဘာကူးပြီး သူ့သမီးကိုသတ်တဲ့ Neville ကို လိုက်ရှာပြီး ထပ်ခါတလဲလဲ သတ်ပြီး ကလဲ့စားချေနေတာပါ။ Irene ဟာ သူ့သမီးလေး အသက်ရှင်နေတဲ့ ကမ္ဘာကို ရှာနေရင်းနဲ့ တွေ့သမျှ ကမ္ဘာတိုင်းမှာရှိတဲ့ Neville ကို နည်းမျိုးစုံနဲ့ သတ်ပါတယ်။ တစ်ခါသတ်ပြီးရင် နောက်ကမ္ဘာတစ်ခုကို ထပ်ကူးတာပေါ့။ သူက ကလဲ့စားချေတာကိုပဲ အာရုံစိုက်လွန်းလို့ သူ့ရဲ့ လူသားဆန်မှုတွေ ပျောက်ဆုံးလာပြီး ဒီအလုပ်အပေါ် စွဲလမ်းသလို ဖြစ်လာတယ်။ နောက်ပိုင်းမှာ Mia ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်။ Mia ကလည်း အဲဒီလူသတ်သမား Neville ရဲ့ လက်ထဲကနေ Irene ကယ်လိုက်တဲ့ နောက်ထပ် သားကောင်တစ်ယောက်ပေါ့။ ဒီကောင်မလေးနဲ့ တွေ့ပြီးနောက်မှာ Irene ရဲ့ ကလဲ့စားချေမှုခရီးလမ်းက တစ်မျိုးပြောင်းလဲသွားပါတယ်။ ဒီကားက Rotten Tomatoes မှာ ၉၇% အထိတောင် ရထားတဲ့အတွက် Quality ကတော့ ရှယ်ပဲ။ Marvel ကားတွေလို Multiverse ကို အကြီးကြီးတွေမပြဘဲ လူတစ်ယောက်ရဲ့ ဝမ်းနည်းမှု၊ ဒေါသနဲ့ ကလဲ့စားချေမှုကို ပိုပြီး အသားပေးရိုက်ပြထားတာမို့ တကယ့်ကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် Thriller ကားကောင်းတစ်ခုပါ။