Movie Name
Return To Silent Hill.2026
Year
2026
Generes
Action, Drama, Horror
Code
EN4680
Type
Movie
Size
753 MB
Country
Hollywood
Description
ဒီဇာတ်ကားကတော့ Silent Hill ဂိမ်း fan တွေကြားမှာ အအောင်မြင်ဆုံးလို့ ပြောလို့ရတဲ့ "Silent Hill 2" ဂိမ်းကို အခြေခံပြီး ရိုက်ကူးထားတာပါ။ Silent Hill ပထမဆုံးရုပ်ရှင်ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ Christophe Gans ကိုယ်တိုင် ပြန်လည်ပုံဖော်ထားတာမို့လို့ Visual ပိုင်းနဲ့ အငွေ့အသက်တွေကတော့ တော်တော်လေး မိုက်တယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက James Sunderland ဆိုတဲ့ လူငယ်တစ်ယောက်အကြောင်းပါ။ James ဆီကို တစ်နေ့မှာ ထူးထူးဆန်းဆန်း စာတစ်စောင် ရောက်လာတယ်။ အံ့ဩစရာကောင်းတာက အဲဒီစာကို ပို့လိုက်တဲ့သူက လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက ရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီဖြစ်တဲ့ သူ့ရဲ့ချစ်ဇနီးသည် Mary ဖြစ်နေတာပါပဲ။ စာထဲမှာတော့ သူတို့နှစ်ယောက်ရဲ့ "Special Place" လို့ သတ်မှတ်ထားကြတဲ့ Silent Hill ဆိုတဲ့ မြို့လေးမှာ စောင့်နေမယ်လို့ ရေးထားတယ်။ James လည်း မဖြစ်နိုင်ဘူးလို့ တွေးမိပေမယ့် သူ့မိန်းမကို လွမ်းဆွတ်တမ်းတတဲ့စိတ်နဲ့ Silent Hill မြို့လေးဆီကို ထွက်လာခဲ့မိတယ်။ ဒါပေမဲ့ သူရောက်သွားတဲ့အချိန်မှာ Silent Hill က အရင်ကလို သာယာလှပတဲ့ မြို့လေး မဟုတ်တော့ဘဲ မြူခိုးတွေ၊ ပြာမှုန်တွေ ဖုံးလွှမ်းနေတဲ့ မြို့ပျက်ကြီး ဖြစ်နေပါပြီ။ လူသူကင်းမဲ့ပြီး ကြောက်စရာကောင်းတဲ့ သတ္တဝါဆန်းတွေ ကျက်စားရာ နေရာကြီး ဖြစ်နေတာပေါ့။ James တစ်ယောက် ဒီမြို့ထဲမှာ သူ့မိန်းမ Mary ကို ရှာဖွေရင်းနဲ့ ထူးဆန်းတဲ့ လူတွေနဲ့ တွေ့ရမယ်၊ Pyramid Head လို နာမည်ကြီး သတ္တဝါတွေနဲ့ ရင်ဆိုင်ရမယ်။ နောက်ဆုံးမှာ James သိလိုက်ရမယ့် အမှန်တရားက ဘာလဲ၊ Mary က တကယ်ပဲ အသက်ရှင်လျက် ရှိနေတာလား ဆိုတာကိုတော့ ရင်တမမနဲ့ ဆက်ကြည့်ရမှာပါ။ ဒီကားက သရဲကားဆိုတာထက် Psychological Horror ဘက်ကို ပိုသွားပါတယ်။ ဇာတ်ကောင် James ရဲ့ စိတ်ဒဏ်ရာတွေ၊ အပြစ်ရှိစိတ်တွေနဲ့ Silent Hill မြို့ရဲ့ ပတ်သက်ဆက်နွယ်မှုကို အဓိကထား တင်ပြထားတာပါ။ ဂိမ်းကစားဖူးတဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့် အခန်းတွေ၊ ဇာတ်ဝင်ခန်းတွေ အများကြီး ပါပါတယ်။ ဂိမ်းမကစားဖူးတဲ့သူတွေအတွက်လည်း အချစ်၊ အလွမ်း နဲ့ ထိတ်လန့်စရာတွေကို မျှတအောင် ရောစပ်ထားလို့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ Silent Hill ရဲ့ ထုံးစံအတိုင်း မြူတွေကြားထဲက လျှို့ဝှက်ချက်တွေကို ရှာဖွေချင်တယ်ဆိုရင်တော့ ဒီကားကို လက်မလွှတ်သင့်ပါဘူး။