-
Movie Name
-
The Follies (Aka) Las Locuras.2026
-
Year
-
2026
-
Generes
-
Drama
-
Code
-
OT0568
-
Type
-
Movie
-
Size
-
992 MB
-
Country
-
Others
-
Description
-
ဒီတစ်ခါမှာတော့ ၂၀၂၅ နိုဝင်ဘာတုန်းက Netflix ကနေ ထုတ်လုပ်ထားတဲ့ စပိန် ဒရာမာဇာတ်ကားလေးကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်။
စပိန်နိုင်ငံရဲ့ ဝါရင့်မင်းသမီးတစ်ယောက်ဖြစ်တဲ့အပြင် ဆန်ကာတင်ဆုနဲ့ အရှေ့အလယ်ပိုင်းကချီးမြှင့်ထားတဲ့ဆုပေါင်းများစွာကို ပိုင်ဆိုင်ထားတဲ့ စပိန်မင်းသမီး Cassandra Ciangherotti ကနေ ဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
ဇာတ်လမ်းနောက်ခံ
-------------------
ဒီဇာတ်လမ်းကိုတော့ ရီနာတာဆိုတဲ့ သက်လတ်အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအကြောင်းအဓိကဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။
ရီနာတာဆိုသူဟာ ဘဏ္ဍာရေးစီမံတဲ့ကဏ္ဍမှာ အရမ်းတော်ပေမယ့်လည်း ပတ်ဝန်းကျင်ရဲ့ ဖိအားကြောင့် စိတ်ကစဉ့်ကလျားရောဂါဖြစ်သွားရတဲ့ လိင်တူချစ်သူအမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။
တစ်ချိန်တုန်းက သူဟာ လက်ရွေးစင်ဝန်ထမ်းတစ်ဦးဖြစ်ပေမယ့်လည်း စိတ်ရောဂါရှိကြောင်း ရောဂါတပ်ခံရပြီးမှာတော့ သူ့ဖခင်ဖြစ်သူက အိမ်ထဲမှာပဲ သော့ခတ်ပြီး လှောင်ပိတ်ထားရတဲ့အထိဖြစ်လာပါတယ်။
အစပိုင်းမှာတော့ ရီနာဟာ အကျယ်ချုပ်သဘောမျိုးပဲနေခဲ့ရပေမယ့် အချိန်ကြာလာတဲ့အခါမှာ ယဉ်ယဉ်လေးနဲ့ရူး ဆိုတဲ့စကားအတိုင်း မထင်ရင်မထင်သလို စိတ်ထဖောက်တတ်သူဖြစ်ပါတယ်။
ဒီလိုနဲ့ လူတွေဟာ ကိုယ့်ရဲ့စိတ်အလိုဆန္ဒကိုဆန့်ကျင်ပြီး တင်းခံနေထိုင်တဲ့အခါမှာ နောက်ဆုံးအချိန် စိတ်ရောလူပါ ကျန်းမာရေးအလွန်အမင်းဆိုးရွားလာပုံကို ဒီဇာတ်ကားထဲမှာ ကွက်ကွက်ကွင်းကွင်းရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။