-
Movie Name
-
Akad Yang Hilang 2026
-
Year
-
2026
-
Generes
-
Drama
-
Code
-
OT0570
-
Type
-
Movie
-
Size
-
567 MB
-
Country
-
Others
-
Description
-
မာယမ်နဲ့ အာမာတို့ဟာ တစ်ယောက်နဲ့တစ်ယောက်လည်းချစ်ကြပြီး မိဘတွေလည်းသဘောတူထားလို့လက်ထပ်တော့မယ့် လူငယ်စုံတွဲလေးပါ။ ဒါပေမယ့်လည်း ဘာသာရေးရာရုံးမှာ လက်ထပ်ခွင့်လျှောက်လွှာသွားတင်တဲ့အချိန်မှာ ပြဿနာတစ်ခုစလာခဲ့ပါတယ်။ အဲ့ဒါကတော့ မာယမ့်မိဘတွေရဲ့ လက်ထပ်စာချုပ်ဟာ တရားဝင်မဟုတ်ဘူးဆိုတဲ့ အချက်ပေါ်လာလို့ပါပဲ။ ဥပဒေအရ လူမှုစံနှုန်းတွေအရတရားမဝင်အိမ်ထောင်ကမွေးတဲ့ သားသမီးတွေဟာလည်း တရားဝင်ကလေးတွေမဟုတ်ကြပါဘူး။ ပုံမှန်ဆိုရင်တော့ လက်ထပ်ပွဲကိုရက်ရွှေ့ပြီး တရားရုံးမှာ တရားဝင်ဦးတိုက်လျှောက်လို့ရပေမယ့်လည်းတစ်ယောက်ယောက်က အဲ့ဒီပြဿနာကို အွန်လိုင်းမှာ ဖွလိုက်ရာကနေ မာယမ့်အတွက် မီးခိုးကြွက်လျှောက်ပြဿနာတွေစလာခဲ့ပါတယ်။ အွန်လိုင်းပေါ်က နှိမ်ချတိုက်ခိုက်မှုတွေ၊ ပတ်ဝန်းကျင်ရဲ့အထင်အမြင်သေးတဲ့အကြည့်တွေသာမက တစ်စစနဲ့ သူနဲ့အာမာတို့၊ နှစ်ဘက်မိသားစုတွေရဲ့ဆက်ဆံရေးတွေကိုပါထိခိုက်လာပါတော့တယ်။ Akad Yang Hilang ဟာ ဖြစ်ရပ်မှန်တွေကိုအခြေခံပြီး နိုင်ငံတိုင်းမှာရှိနေတဲ့ အွန်လိုင်းပေါ်က အခမဲ့တရားသူကြီးတွေ၊ ဝေဖန်ရေးဆရာကြီးတွေ၊ နစ်နာသူကို လူဆိုးအဖြစ်ထိုးချလေ့ရှိကြတဲ့ အဖြစ်တွေကိုမီးမောင်းထိုးပြထားတဲ့ ဒရာမာကားကောင်းတစ်ကားပါ။