Movie Name
Heartman Rock And Love (2026)
Year
2026
Generes
Drama, Roma
Code
KR0666
Type
Movie
Size
1.55 GB
Country
Korea
Description
ချွဲဆွန်းမင်း (Kwon Sang-Woo) ကတော့ Ambulance လို့ အမည်ရတဲ့ တီးဝိုင်းအဖွဲ့က အဆိုရှင်တစ်ဦးပါ။ ဆွန်းမင်းဟာ တစ်နေ့မှာ ဖျော်ဖြေပွဲ လက်ကမ်းစာစောင်တွေ ဝေပေးဖို့ ဆိုးလ်အမျိုးသမီးတက္ကသိုလ်ကို သွားရာက ငယ်စဉ်က အချစ်ဦး ဟန်ဘိုနာ (Moon Chae-Won) နဲ့ ပြန်လည်ဆုံတွေ့ဖြစ်ခဲ့ပြီး ဖျော်ဖြေပွဲကို ကျိန်းသေပေါက် လာရောက်ပေးဖို့လည်း ဘိုနာ့ကို ဖိတ်လိုက်ပါတယ်။ ဘိုနာက ဖျော်ဖြေပွဲကို လာခဲ့ပေမဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုကြောင့် ဆွန်းမင်းဟာ လူပုံအလယ်မှာ အရှက်ရစရာတွေ ဖြစ်သွားခဲ့ရပြီး အဲဒီနောက်ပိုင်းမှာ သူတို့နှစ်ဦးလည်း ပြန်လည် ဝေးကွာသွားခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကျော် ကြာတဲ့အခါ ချွဲဆိုယောင်းလို့ခေါ်တဲ့ ချစ်စရာသမီးလေး ရှိနေပြီဖြစ်တဲ့ တစ်ခုလပ်ဖေဖေ ဆွန်းမင်းက သူ့အချစ်ဦး ဘိုနာနဲ့ အမှတ်မထင် နောက်တစ်ကြိမ် ပြန်လည်ဆုံစည်းဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့... ပထမတစ်ကြိမ်တုန်းက အချစ်ဦးနဲ့ လွဲခဲ့ရတဲ့ ဆွန်းမင်းက ဒီတစ်ကြိမ်မှာတော့ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်နိုင်မလားဆိုတာကို ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားပေးကြပါဦးရှင်။