Movie Name
Antidote (2018)
Year
2018
Generes
Action, Adventure, Horror
Code
00977
Type
Movie
Size
646 MB
Country
Hollywood
Description
FoF ပရိသတ်တွေအတွပ် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ The Expendables 3 မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Randy Couture ရဲ့ Antidote (2018) ဇာတ်ကားဖြစ်ပါတယ်။ လျှို့ဝှက်ဆန်းကြယ် စွန့်စားခန်းရုပ်ရှင် အမျိုးအစားဖြစ်ပြီး ဒါရိုက်တာ Ken Barbet က ရိုက်ကူးထားပါတယ်။ Anna နဲ့ သူ့ချစ်သူ Manuel တို့ဟာ ရွာလေးတစ်ရွာမှာဆိုက်ကပ်နေတဲ့ ကပ်ရောဂါဘေးကို အမြန်ဆုံးဖယ်ရှားနိုင်ဖို့ နေ့မအိပ်ညမအိပ် နည်းလမ်းရှာဖွေနေခဲ့ပါတယ်။ ရွာသားတွေဆီကတဆင့် သူတို့သိလာရတာက အဲဒီ့ကပ်ရောဂါဘေးဟာ The White Witch လို့ခေါ်တဲ့ မကောင်းဆိုးဝါးစုန်းမတစ်ကောင်ကြောင့် ဖြစ်ရတယ်ဆိုတာပါပဲ။ ကုထုံးရှာမရတော့တဲ့အဆုံး Anna နဲ့ Manuel လည်း Victor ဆိုတဲ့ မုဆိုးတစ်ယောက် အကူအညီနဲ့ စုန်းမကိုနှိမ်နင်းဖို့ စီစဉ်ခဲ့ပါတယ်။ မုဆိုး Victor ဟာ ရှေးဟောင်းမာယန်ဒဏ္ဍာရီထဲက ပျောက်ဆုံးနေတဲ့ ရွှေမြို့တော်ကြီးကို သည်းကြီးမည်းကြီး ရှာဖွေနေသူဖြစ်ပါတယ်။ သူတို့ ၃ဦးရဲ့ စွန့်စားခန်းခရီးစဉ်မှာ ဘယ်လိုအခက်အခဲ အတားအဆီးတွေ ပိတ်ဆို့နေမလဲ ရွာကလေးကိုရော အသက်ဘေးလွတ်အောင် ကယ်တင်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြရအောင်