Movie Name
Ikkis (2026)
Year
2026
Generes
Action, War
Code
IND1799
Type
Movie
Size
1.22 GB
Country
Bollywood
Description
မင်းသားကြီးအမီတာဘချမ်းရဲ့ မြေးဖြစ်သူ အာဂတ်စ်ယာနန်ဒါရဲ့ အဓိကဇာတ်ဆောင်အနေနဲ့ ထွက်ရှိလာခဲ့တဲ့ ၁၉၇၁ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲကို အခြေခံထားတဲ့ ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ၂၀၂၅မှာ ရုံတင်ဖို့လုပ်ခဲ့ပေမဲ့ ၂၀၂၆မှပဲ ရုံတင်ခဲ့ပြီး ဝင်ငွေရူပီး၄၅ကုဋေကျော်ရခဲ့တဲ့ရုံတင်ကားကြီးပါ။ Ikkis - ၂၁တဲ့။ ၂၁နှစ်အရွယ် လူငယ်လေး အာရွန်ရဲ့ ဇာတိသွေးဇာတိမာန်ထက်သန်ပုံနဲ့ လူငယ်သဘာ၀ နှလုံးသားရေးရာတို့ကို ချိန်ထိုးပြသရင်း အတိတ်နဲ့ ပစ္စုပန်ကြားဖြစ်ရပ်တွေကိုစိတ်ဝင်စားဖွယ်တွေ့ရမှာပါ။ အာရွန်တစ်ယောက် အရာရှိငယ်သင်တန်းတက်နေစဉ်မှာပဲ အိန္ဒိယ-ပါကစ္စတန် စစ်ရေးတင်းမာလာတာကြောင့် သင်တန်းဖျက်သိမ်းပြီး ရှေ့တန်းထွက်ဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ဒီမှာပဲ ရှေ့တန်းစခန်းက တင့်ကားတပ်မှာ စစ်ရေးပြင်ရင်း ကြုံတွေ့လာရတဲ့ အဖြစ်အပျက်တွေကိုခံစားကြည့်ရှုကြပါဦး။