Movie Name
Stone Creek Killer (2025)
Year
2025
Generes
Action
Code
EN4684
Type
Movie
Size
683 MB
Country
Hollywood
Description
ဒီကားက Psychological Thriller အမျိုးအစားဖြစ်ပြီး Minnesota က သာယာအေးချမ်းလှပါတယ်ဆိုတဲ့ မြို့လေးတစ်မြို့မှာ အခြေခံထားတာပါ။ တစ်နေ့တော့ အဲဒီမြို့မှာ ကြောက်စရာကောင်းတဲ့ လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ ဇာတ်လိုက်ကတော့ ရဲမင်းကြီး Karl Harding ပါ။ သူက ဒီအမှုတွေကို လိုက်နေရင်းနဲ့ တစ်ဖက်မှာလည်း သူ့ရဲ့အရင်က စိတ်ဒဏ်ရာတွေ၊ အရက်စွဲနေတဲ့ ပြဿနာတွေနဲ့ ရုန်းကန်နေရတာပေါ့။ အခြေအနေတွေက ဘယ်လောက်ဆိုးလဲဆိုရင် လူသတ်သမားကို ရှာမတွေ့တဲ့အပြင် မြို့ခံတွေကပါ Karl ကို ပြန်သံသယဝင်လာကြတယ်။ အဲဒီမှာတင် ထူးခြားတာက Meredith ဆိုတဲ့ နတ်ကတော်တစ်ယောက် ရောက်လာပြီး Karl ကို ကူညီဖို့ ကြိုးစားတာပါ။ သူက အသတ်ခံရသူတွေကို ထိတွေ့လိုက်ရုံနဲ့ မြင်ကွင်းအချို့ကို မြင်နိုင်စွမ်းရှိတယ်လေ။ အဲဒီတော့ ရဲမင်းကြီး Karl တစ်ယောက် သူ့ရဲ့ သိပ္ပံနည်းကျစုံထောက်မှုတွေနဲ့ Meredith ရဲ့ ထူးခြားဆန်းပြားတဲ့ အစွမ်းတွေကို ပေါင်းပြီး လူသတ်သမားကို ဘယ်လိုဖော်ထုတ်မလဲ၊ သူ့ရဲ့ အပြစ်မရှိကြောင်းကိုရော ဘယ်လိုသက်သေပြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားမျိုးပါ။ Clayne Crawford (Lethal Weapon series ထဲကမင်းသား)၊ Lyndon Smith နဲ့ Britney Young တို့ ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ကို ၁၀ ရက်တည်းနဲ့ အပြီးရိုက်ထားတာဖြစ်ပေမဲ့ မြို့လေးရဲ့ အထီးကျန်ဆန်မှုနဲ့ လျှို့ဝှက်ချက်တွေကို ပီပြင်အောင် ရိုက်ပြထားပါတယ်။ ဇာတ်လမ်းက တဖြည်းဖြည်းချင်း အရှိန်တက်လာတာမျိုး (Slow-burn) ဖြစ်ပြီး အဆုံးသတ်မှာတော့ ခန့်မှန်းရခက်တဲ့ Twist လေးတွေ ပါဝင်ပါတယ်။ Mystery ကားတွေကိုမှ တစ်ယောက်ကိုတစ်ယောက် သံသယဝင်ရတာမျိုး ကြိုက်ရင်တော့ ဒီကားက လက်မလွှတ်သင့်တဲ့ကားပါပဲ။