Movie Name
Honey Bunch 2026
Year
2026
Generes
Action, Drama
Code
EN4685
Type
Movie
Size
1.21 GB
Country
Hollywood
Description
မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ (Psychological Thriller) နဲ့ လျှို့ဝှက်ဆန်းကြယ် ဇာတ်ကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း ဒိုင်ယာနာ (Diana) နဲ့ ဟိုးမား (Homer) တို့ ဇနီးမောင်နှံဟာ ကားအက်ဆီးဒင့် အကြီးအကျယ် ဖြစ်သွားခဲ့တယ်။ အဲဒီအက်ဆီးဒင့်ကြောင့် ဒိုင်ယာနာက ခန္ဓာကိုယ်မှာ နာကျင်မှုဝေဒနာတွေ အမြဲခံစားနေရတဲ့အပြင် မှတ်ဉာဏ်တွေပါ ပျောက်သွားခဲ့တယ်။ ဒီတော့ သူ့ယောကျ်ား ဟိုးမားက သူ့ကို ကုသပေးဖို့ဆိုပြီး တောနက်ထဲမှာရှိတဲ့ သီးသန့်ဆန်တဲ့ စမ်းသပ်ကုသရေးစင်တာတစ်ခုကို ခေါ်သွားခဲ့တယ်။ အဲဒီစင်တာမှာ ထူးဆန်းတဲ့ ကုထုံးတွေနဲ့ ကုသရင်း ဒိုင်ယာနာရဲ့ မှတ်ဉာဏ်တွေ တဖြည်းဖြည်း ပြန်လည်စပြုလာတယ်။ ဒါပေမဲ့ သက်သာလာရမယ့်အစား ခြောက်ခြားစရာ အာရုံတွေ မြင်လာရသလို၊ သူ့ယောကျ်ား ဟိုးမားရဲ့ အပြုအမူတွေကလည်း အရမ်းကို ထူးဆန်းလာတာကို သတိထားမိလာတယ်။ တံခါးပိတ်ပြီး တိုးတိုးတိတ်တိတ် ဖုံးကွယ်ပြောဆိုတာတွေ၊ အကြာကြီး ပျောက်ပျောက်သွားတာတွေ လုပ်လာတယ်။ တကယ်တော့ ဒိုင်ယာနာရဲ့ မှတ်ဉာဏ်တွေ ပြန်ရလာတဲ့အခါ သူ့အိမ်ထောင်ရေးရဲ့ နောက်ကွယ်က ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေကို ရင်ဆိုင်ရပါတော့တယ်။ သူယုံကြည်ထားတဲ့ အချစ်နဲ့ သံယောဇဉ်တွေက တကယ်ပဲ အစစ်အမှန်လား၊ ဒါမှမဟုတ် နောက်ကွယ်မှာ တခြားအကြံအစည်တွေ ရှိနေသလား ဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ကားမျိုးပါ။ ဒီကားမှာ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ Grace Glowicki နဲ့ Ben Petrie တို့ဟာ အပြင်မှာလည်း တကယ် ဇနီးမောင်နှံတွေ ဖြစ်ကြသလို၊ ဒါရိုက်တာနှစ်ယောက် (Madeleine Sims-Fewer နဲ့ Dusty Mancinelli) ကလည်း လက်တွေ့ဘဝက ချစ်သူတွေပဲ ဖြစ်ပါတယ်။ ဇာတ်ကားတစ်ခုလုံးရဲ့ ရိုက်ကူးတင်ဆက်ပုံက ၇၀ ပြည့်လွန်နှစ်တွေက ဂန္ထဝင် Horror ကားတွေရဲ့ အငွေ့အသက်မျိုး ပေးစွမ်းနိုင်ပါတယ်။