Movie Name
This Is I (2026)
Year
2026
Generes
Drama, Roma
Code
JP0266
Type
Movie
Size
2.15 GB
Country
Japan
Description
"ငါဘယ်သူလဲဆိုတာ ငါပဲဆုံးဖြတ်မယ်... သူများပါးစပ်ဖျားမှာ လမ်းဆုံးမခံဘူး" ဒီနေ့ နက်ဖလစ်ကနေ ပူပူနွေးနွေး ထွက်ရှိလာတဲ့ ဂျပန် Docudrama ဇာတ်ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးကတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကြီး Transgender Idol တစ်ဦးဖြစ်တဲ့ Ai Haruna ရဲ့ ဘဝခရီးလမ်း "ဖြစ်ရပ်မှန်" ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကန်ဂျီဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းကနေ စထားပါတယ်။ ကန်ဂျီဟာ ငယ်ငယ်ကတည်းက အိုင်ဒေါတစ်ယောက်ဖြစ်ဖို့ အိပ်မက်ရှိပေမဲ့ သူ့ရဲ့ ဖြစ်တည်မှုနဲ့ ပတ်ဝန်းကျင်ကြားမှာ ဗျာများနေရသူပါ။ စိတ်က မိန်းကလေးဖြစ်နေပေမဲ့ ခန္ဓာကိုယ်က ယောကျာ်းလေးဖြစ်နေတဲ့အတွက် ကျောင်းမှာ အနိုင်ကျင့်ခံရ၊ လှောင်ပြောင်ခံရနဲ့ စိတ်ဒဏ်ရာတွေ အများကြီး ရခဲ့ရှာတယ်။ ဒါပေမဲ့ အရှုံးမပေးတဲ့ ကန်ဂျီတစ်ယောက် Cabaret ကလပ်တစ်ခုမှာ ကိုယ့်ရဲ့နေရာမှန်ကို ရှာဖွေရင်း.သူ့ကို နားလည်ပေးပြီး လမ်းပြပေးမယ့် ရှေ့ဆောင်လမ်းပြ ဆရာဝန်တစ်ယောက်နဲ့ ဆုံတွေ့တဲ့အခါ...။ Gender Dysphoria (ကျား/မ စိတ်ကွဲလွဲမှု) ကို ခံစားနေရသူတစ်ယောက်ရဲ့ ရုန်းကန်ရမှုတွေ၊ "ကန်ဂျီ" ဆိုတဲ့ ကောင်လေးဘဝကနေ "အိုင်ဟာရူနာ" ဆိုပြီး လူတွေရှေ့မှာ ယုံကြည်မှုရှိရှိ ရပ်တည်လာနိုင်တဲ့အထိ ဖြတ်သန်းခဲ့ရတဲ့ ခရီးကြမ်းကို မြင်တွေ့ရမှာပါ။ Docudrama ပုံစံရိုက်ကူးထားတာဖြစ်လို့ ဇာတ်အိမ်က တကယ့်အစစ်အမှန် Vibe ကို ပေးစွမ်းနိုင်သလို ကိုယ့်ကိုယ်ကိုယ် ရှာဖွေနေရတဲ့ လူငယ်တွေ၊ အိပ်မက်အတွက် တိုက်ပွဲဝင်နေသူတွေအတွက် Inspiration အပြည့်ရစေမယ့် ဇာတ်ကားကောင်းလေး ဖြစ်တာမို့ လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦး။