-
Movie Name
-
28 Years Later The Bone Temple (2026)
-
Year
-
2026
-
Generes
-
Action, Horror
-
Code
-
EN4686
-
Type
-
Movie
-
Size
-
1.01 GB
-
Country
-
Hollywood
-
Description
-
ဇာတ်လမ်းက အရင်ကားအဆုံးကနေ တိုက်ရိုက်ဆက်ထားတာပါ။ ကောင်လေး Spike (Alfie Williams) ဟာ
ကျွန်းပေါ်ကနေ ကုန်းတွင်းပိုင်းကို ရောက်လာပြီးနောက်မှာ Sir Lord Jimmy Crystal (Jack O'Connell) ဆိုတဲ့
အရမ်း ရက်စက်တဲ့ ဂိုဏ်းခေါင်းဆောင်ရဲ့ "The Fingers" ဆိုတဲ့ အဖွဲ့နဲ့ သွားဆုံတယ်။ ဒီ Jimmy ဆိုတဲ့လူက သူ့ကိုယ်သူ
စာတန်မာရ်နတ်ရဲ့ သားလို့ သတ်မှတ်ထားပြီး ကလေးတွေကို ဦးနှောက်ဆေး၊ နာမည်တွေကိုလည်း Jimmy လို့ အကုန်ပေးပြီး
လူမဆန်တဲ့ အလုပ်တွေ ခိုင်းစေနေတာ။ Spike တစ်ယောက် ဒီလူ-တ်ဂိုဏ်းထဲမှာ အသက်ရှင်ဖို့ ရုန်းကန်ရပါတော့တယ်။
တစ်ဖက်မှာတော့ Dr. Ian Kelson (Ralph Fiennes) ဆိုတဲ့ ဆရာဝန်ကြီးတစ်ယောက် ရှိတယ်။
သူက သေဆုံးသွားသူတွေရဲ့ အရိုးတွေ၊ ဦးခေါင်းခွံတွေနဲ့ "Bone Temple" (အရိုးဗိမာန်) ကို တည်ဆောက်ပြီး
အောက်မေ့ဖွယ်လုပ်ထားတာပေါ့။
ဒေါက်တာ Kelson ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်က သူဟာ Samson လို့ နာမည်ပေးထားတဲ့ ခွန်အားကြီး
Alpha Zombie တစ်ကောင်ကို ဖမ်းပြီး ဆေးဝါးတွေနဲ့ စမ်းသပ်ကုသနေတာပဲ။
တဖြည်းဖြည်းနဲ့ Samson ဟာ လူစိတ်ပြန်ဝင်လာပြီး ဒေါက်တာနဲ့ သူငယ်ချင်းတွေလိုတောင် ဖြစ်လာတယ်။
ဒီကားမှာ Zombie တွေ ဘာလို့ လူတွေကို လိုက်ကိုက်နေလဲဆိုတဲ့ အကြောင်းရင်းနဲ့ ကုသလို့ရနိုင်မယ့် မျှော်လင့်ချက်လေးတွေကို
ဒေါက်တာ Kelson ဆီကနေတစ်ဆင့် မြင်တွေ့ရမှာပါ။
Spike ပါဝင်နေတဲ့ Jimmy ရဲ့ လူသတ်ဂိုဏ်းနဲ့ ဒေါက်တာ Kelson တို့ ဆုံတွေ့သွားကြတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ဆိုတာက
ဇာတ်လမ်းရဲ့ အဓိက အချိတ်အဆက်ပဲ။ Jimmy ရဲ့ ဂိုဏ်းက လူတွေက ဒေါက်တာ Kelson ကို စာတန်မာရ်နတ်လို့ ထင်သွားကြပြီး
ပြဿနာတွေ စပါတော့တယ်။
ဒီကားက သာမန် ပုံမှန်ပြေးလွှားနေရတဲ့ Zombie ကားမျိုး မဟုတ်တော့ဘဲ လူ့သဘာဝ၊ ဘာသာရေး အစွန်းရောက်မှုနဲ့
စိတ်ဒဏ်ရာတွေအကြောင်းကို ပိုပြီး နက်နက်ရှိုင်းရှိုင်း တွေးစရာပေးထားပါတယ်။
ကြမ်းတမ်းတဲ့ အခန်းတွေ၊ နှိပ်စက်တဲ့ အခန်းတွေ ပါလို့ အသည်းငယ်တတ်ရင်တော့ သတိထားကြည့်ရမယ့် ကားမျိုးပါ။
ဒါပေမဲ့ ရိုက်ချက်တွေ အလင်းအမှောင်တွေက အတော်လေး မိုက်သလို၊ သရုပ်ဆောင်တွေ သရုပ်ဆောင်ချက်တွေက တကယ့်ကို အသက်ပါ ပါတယ်။
ဒီကားရဲ့ အဆုံးသတ်က နောက်ထွက်မယ့် Part 3 အတွက် ဇာတ်လမ်းကို အကောင်းဆုံး လမ်းခင်းပေးသွားတယ်လို့ ဆိုရမှာပါ။