-
Movie Name
-
The Blood Of Youth Quest Of Heroic Hearts
-
Year
-
2025
-
Generes
-
Action
-
Code
-
SC1106
-
Type
-
Series
-
Size
-
5.52 GB
-
Country
-
China
-
Description
-
ဇာတ်လမ်းအကျဉ်း ဝေ့ကွေး ဆိုတာ ငယ်စဉ်က မိသားစုတစ်ခုလုံး အသတ်ခံလိုက်ရတဲ့ အဖြစ်ဆိုးကြီးထဲကနေ တစ်ဦးတည်း အသက်ရှင် လွတ်မြောက်လာခဲ့သူပါ။
ဒါပေမဲ့ ကံဆိုးတာက အဲ့ဒီအဖြစ်အပျက်ရဲ့ ဒဏ်ကြောင့် သူ့မှာ အတိတ်က မှတ်ဉာဏ်တွေ ဘာတစ်ခုမှ မရှိတော့ပါဘူး။
သူ့ခေါင်းထဲမှာ စွဲထင်ကျန်ရစ်နေတဲ့ တစ်ခုတည်းသော သဲလွန်စက "ထျန်းကျန့်" (ကောင်းကင်ခွင်းဓား)" ဆိုတဲ့ နာမည်တစ်ခုတည်းပါပဲ။
ဒီလိုနဲ့ အတိတ်မှန်ကို ရှာဖွေဖိုအတွက် "ထျန်းကျန့်" ဓားရဲ့ ကျိုးပဲ့နေတဲ့ အပိုင်းအစတွေကို လိုက်စုဆောင်းရင်း
ကျန်းဟူလောကထဲ ခြေချခဲ့ပါတယ်။
ဒီခရီးလမ်းမှာ ဝေ့ကွေး တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ လေဂိုဏ်း ရဲ့ လူငယ်လေး၊ ကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်း ဖြစ်ချင်တဲ့ လေလင်းဇယ် နဲ့ ရေစက်ဆုံပြီး လက်တွဲဖြစ်သွားကြပါတယ်။
သူတိုနှစ်ယောက်ရဲ့ ရည်ရွယ်ချက်တွေ မတူကြပေမဲ့ (တစ်ယောက်က အတိတ်ကိုရှာတယ်၊ တစ်ယောက်က ဂုဏ်ကိုရှာတယ်)၊ အတူတူဖြတ်သန်းရင်းနဲ့မှ မခွဲနိုင်မခွာရ သံယောဇဉ်တွေ ဖြစ်လာကြတာပါ။
အမှောင်ဂိုဏ်း က ဓားကို လုယူဖို အသည်းအသန် လိုက်လာတဲ့အခါ၊ သွေးထွက်သံယို တိုက်ပွဲတွေကြားမှာ သူတိုနှစ်ယောက် ကျောချင်းကပ်ပြီး ရင်ဆိုင်ကြပါတယ်။ သစ္စာတရားနဲ့ တရားမျှတမှုအပေါ် အခြေခံထားတဲ့ သူတိုရဲ့ သံယောဇဉ် က ဘယ်အရာနဲ့မှ ဖြိုခွင်းမရအောင် ခိုင်မာလာခဲ့ပါတယ်။
"စစ်မှန်တဲ့ ကြီးမြတ်မှုဆိုတာ ဓားသွားထက်မြက်မှုမှာ မရှိဘူး၊ ယုံကြည်ချက် ခိုင်မာမှုနဲ့ ကာကွယ်ပေးရဲတဲ့ သတ္တိသွေးမှာပဲ ရှိတယ်"ဆိုတဲ့အတိုင်း
အတိတ်မေ့နေတဲ့ ကောင်လေးနဲ့ သွေးဆူလွယ်တဲ့ လူငယ်လေးတိုရဲ့ အပြန်အလှန် ဖေးမမှု၊ သစ္စာရှိမှုတွေကို မြင်တွေ့ရမယ့် Bromance ဇာတ်ကားကောင်းလေးမို လက်မလွှတ်တမ်း ကြည့်ရှုသင့်ကြောင်း ညွှန်းဆိုလိုက်ပါတယ်ခင်ဗျာ။