Movie Name
The Favor (2025)
Year
2025
Generes
Horror
Code
KR0668
Type
Movie
Size
1.03 GB
Country
Korea
Description
ဒီတစ်ခေါက်မှာတော့ Song Ji-Hyo, Sky Castle ထဲက Kim Byung-Chul နဲ့ The Glory ထဲက Kim Hieora တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ယောင်းဘုမ်း (Kim Byong-Chul) နဲ့ ဆွန်းဟီး (Song Ji-Hyo) တို့ ဇနီးမောင်နှံဟာ ကားတိုက်မှုကြောင့် အောက်ပိုင်းသေသွားတဲ့ သားဖြစ်သူ ဂျုံဟွန်းရဲ့ ကျန်းမာရေးအတွက် အိုဘို့ရီရွာလေးဆီ ပြောင်းရွှေ့လာခဲ့ကြပါတယ်။ အဲဒီရွာမှာ ထူးဆန်းတဲ့ အဘိုးအိုတစ်ယောက်နဲ့ တွေ့ဆုံပြီးနောက်မှာတော့ လမ်းမလျှောက်နိုင်ခဲ့တဲ့ ဂျုံဟွန်းတစ်ယောက် ပြန်ပြီး လမ်းလျှောက်လာနိုင်တဲ့ အံ့ဖွယ်ဖြစ်ရပ်လေး ဖြစ်ပျက်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ချွန်းဆော (Kim Hieora) ဆိုတဲ့ အမျိုးသမီးဟာ အိုဘို့ရီရွာမှာပဲ သားဖြစ်သူ မင်ဂျယ်ကို တစ်ယောက်တည်း ပျိုးထောင်နေသူပါ။ တစ်နေ့မှာ မင်ဂျယ်က ရုတ်တရက်ကြီး လမ်းမလျှောက်နိုင်တော့ဘဲ ဖြစ်သွားပြီး ဒီကံဆိုးမှုက ဂျုံဟွန်းရဲ့ အံ့ဖွယ်ဖြစ်ရပ်နဲ့ ဆက်စပ်နေကြောင်း ချွန်းဆော ရိပ်မိသွားတဲ့အခါမှာတော့... ယောင်းဘုမ်းတို့ မိသားစုကပဲ သူတို့ဆီမှာ ဖြစ်ပျက်လာတဲ့ အံ့ဖွယ်ဖြစ်ရပ်လေးကို အဆုံးထိ ကာကွယ်သွားနိုင်မှာလား... ချွန်းဆောကပဲ သားလေးရဲ့ ဆုံးရှုံးနစ်နာသွားရတဲ့ ဘဝအတွက် ပြန်လည် အလျော်တောင်းယူနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုလိုက်ကြပါဦးနော်။