Movie Name
The Judge Returns (2026)
Year
2026
Generes
Drama
Code
SKR1149
Type
Series
Size
5.2 GB
Country
Korea
Description
Devil Judge မှာတုန်းက အမိုက်စား ကြမ်းပြခဲ့တဲ့ တရားသူကြီး ကာရိုက်တာနဲ့ မင်းသား Ji Sung ဟာ ဒီတစ်ခေါက်မှာလည်း တရားသူကြီး ဝတ်ရုံကို ပြန်ဝတ်ခဲ့ပြန်ပါပြီ။ မင်းသား Ji Sung အပြင် Hellbound ထဲမှ မင်းသမီး Won Jin A နဲ့ My Name ထဲမှ မင်းသား Park Heesoon တိုနှင့်အတူ ဇာတ်ပိုဇာတ်ရန်များစွာ ပါဝင်ထားပါသေးတယ် ။ The Judge returns လို အမည်ရတဲ့ ဒီဇာတ်လမ်းတွဲကတော့ အချိန် 10 နှစ် နောက်ပြန်ဆုတ်သွားတဲ့ တရားသူကြီးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပဲ ဖြစ်ပါတယ်။ တရားသူကြီး အီဟန်ယောင်း (Ji Sung) ဟာ တရားသူကြီး တစ်ယောက်ဖြစ်ပေမဲ့ နာမည်ကြီး ရှေ့နေရုံးတစ်ခုက သမီးဖြစ်သူကို လက်ထပ်ယူထားပြီး ယောက္ခမ အလိုကျအတိုင်း စီရင်ချက်တွေချနေတဲ့ တရားသူကြီးပါ။ ဒီလိုကနေ တစ်ရက်မှာတော့ သူ ချမှတ်လိုက်တဲ့ စီရင်ချက်တစ်ခုကြောင့်ပဲ သူဟာ လုပ်ကြံခံလိုက်ရပါတော့တယ်။ အသတ်ခံလိုက်ရပေမဲ့ အီဟန်ယောင်းတစ်ယောက် မသေဘဲ နိုးလာတဲ့အချိန်မှာတော့ 2035 ခုနှစ်ကနေ 2025 ခုနှစ်ကို ပြန်ရောက်နေတာ တွေ့လိုက်ရပါတော့တယ်။ ဂင်ဂျင်အာ (Won Jin-A) ကတော့ အဖေဖြစ်သူ သေဆုံးမှုအတွက် လက်စားချေဖို ကြိုးပမ်းနေတဲ့ အမှုစစ်တစ်ယောက် ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကို ပြန်ရောက်မသွားခင် 2035 ခုနှစ်မှာတည်းက အီဟန်ယောင်းနဲ့ ရန်ငြိုးရန်စလေးတွေ ရှိနေခဲ့တာပါ။ ဒါပေမဲ့ အချိန်တွေ နောက်ပြန်ဆုတ်ပြီး ဘဝကို နောက်တစ်ကြိမ် ဖြောင့်ဖြောင့်မတ်မတ် နေထိုင်ကြည့်တဲ့အခါမှာတော့ အီဟန်ယောင်းဟာ ဂင်ဂျင်အာ ရန်ဘက်တွေအဖြစ်ကနေ မဟာမိတ်တွေဖြစ်လာနိုင်မလား... နောက်ပြန်ဆုတ်သွားတဲ့ ဆယ်နှစ်တာကို ဖြောင့်ဖြောင့်မတ်မတ် နေလိုက်ရင်ရော ရလဒ်တွေက ပြောင်းလဲသွားမှာလား... ဆိုတာကိုတော့ ဒီဇာတ်လမ်းတွဲမှာ သောကြာနဲ့ စနေနေ့ညတိုင်း ကြည့်ရှုခံစားလိုက်ရအောင်နော်။