Movie Name
Swords Into Plowshares 2026
Year
2026
Generes
Action, Drama, Roma
Code
SC1107
Type
Series
Size
19.2 GB
Country
China
Description
နန်းတွင်းတရုတ်ကားစစ်စစ်မှ ကြည့်ချင်သူတွေက ဒီစီးရီးကို မဖြစ်မနေကြည့်ကြပါဗျို...! ဒီစီးရီးဟာ တရုတ်သမိုင်းရဲ့အရှုပ်ထွေးဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံးကာလတစ်ခုဖြစ်တဲ့မင်းဆက်ငါးဆက်နဲ့ ဆယ်ပြည်ထောင်ခေတ် ကိုအခြေခံထားတဲ့ လေးနက်တဲ့သမိုင်းနောက်ခံ C drama ကောင်းတစ်ခုပါ။ သရုပ်ဆောင်တွေအဖြစ် Bai Yu, Zhou Yu Tong, Zhu Ya Wen, Yu Hao Ming နဲ့ Dong Yong တိုလို ဝါရင့်သရုပ်ဆောင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ဖန်တီးရိုက်ကူးထားတာမို တရုတ်နန်းတွင်းကို Tempo မြင့်မြင့်နဲ့ အလှည့်အပြောင်းတွေကိုပါကြည့်ချင်ရင် ဒီစီးရီးက လုံးဝသင့်တော်သောပါပဲ ပရိသတ်ရေ! ဇာတ်လမ်းအညွှန်း >>> လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်က သမိုင်းဝင်အလှည့်အပြောင်းကြီးတစ်ခုကြောင့် မင်းဆက်ငါးဆက်နဲ့ဆယ်ပြည်ထောင်ဟာ ဒုက္ခပင်လယ်ဝေခဲ့ရပါတယ်။ အဲလိုမျိုး ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန် ခေတ်ပျက်ကြီးထဲမှာ ချန်ဟုန်ချူး၊ ကျောက်ခွမ်းယင်နဲ့ကောရုန်ဆိုတဲ့ ရည်မှန်းချက်ကြီးလှတဲ့လူငယ်သုံးဦးဟာ သူတိုရဲ့အတွေ့အကြုံတွေကနေတစ်ဆင့် တိုင်းပြည်ပြိုကွဲမှုရဲ့ဆိုးကျိုးတွေ၊ တည်ငြိမ်အေးချမ်းမှုရဲ့ အဓိပ္ပာယ်တွေကို စတင်မေးခွန်းထုတ်လာကြပါတယ်။ အာဏာစက်အပြောင်းအလဲဖြစ်နေတဲ့ခေတ်ကြီးထဲမှာ ချန်ဟုန်ချူးက ဝူယွဲ ပြည်ကိုအုပ်ချုပ်ပြီး ပြည်သူတွေကိုကာကွယ်စောင့်ရှောက်ဖို တာဝန်ယူလိုက်ပါတယ်။ တစ်ဖက်မှာလည်း ကျောက်ခွမ်းယင်က ခေတ်ပျက်ထဲမှ မပြီးဆုံးသေးတဲ့ မျှော်လင့်ချက်တွေကို ဆက်လက်အကောင်အထည်ဖော်ဖို စည်းကမ်းစနစ်နဲ့ ပြုပြင်ပြောင်းလဲမှုတွေကနေတစ်ဆင့် အမိန့်အာဏာတည်မြဲရေးအတွက် ကြိုးပမ်းနေပါတယ်။ သူတိုရဲ့ခရီးလမ်းဟာ အဆုံးမဲ့စစ်ပွဲတွေအလွန်မှာ ညီညွတ်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ပိုမိုတည်ငြိမ်တဲ့လောကတစ်ခုကို တည်ဆောက်နိုင်မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမှာမို လုံးဝလက်မလွှတ်ကြပါနဲ့ဗျို...!