-
Movie Name
-
(Fight Against Evil 3) 2026
-
Year
-
2026
-
Generes
-
Action
-
Code
-
CN1105
-
Type
-
Movie
-
Size
-
1.51 GB
-
Country
-
China
-
Description
-
ဒီတစ်ခါမှာတော့ ရဲအရာရှိ လီဟုန်ချီတစ်ယောက် မင်္ဂလာဆောင်တော့မှာပါ သူကတော့ ရိုးရိုးရှင်းရှင်းပဲ လက်ထပ်ချင်ပေမဲ့ အားတက်သရောရှိလှတဲ့ သူ့ရဲ့ ယောက္ခမလောင်းကြီး ကတော့ ခမ်းခမ်းနားနား ကျင်းပချင်နေပါတယ် ဒါကြောင့် လီဟုန်ချီဟာ မင်္ဂလာကိစ္စတွေအတွက် ခရီးထွက်လာခဲ့ရပါတော့တယ်
ဒါပေမဲ့ လေယာဉ်ပေါ်မှာ သူ့ဘေးနားမှာ ထိုင်လာတဲ့ မိန်းကလေးငယ်လေး Xin Xin ဟာ လူကုန်ကူးဂိုဏ်းရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရကြောင်း သိလိုက်ရတဲ့အခါမှာတော့ လီဟုန်ချီရဲ့ ရဲစိတ်ဓာတ်က ပြန်လည်နိုးထလာပါတော့တယ်
မင်္ဂလာရက်ကလည်း နီးကပ်လာနေပြီဖြစ်လို အပြေးအလွှား ဖမ်းဆီးနေရတဲ့ လီဟုန်ချီတစ်ယောက် ဒေသခံရဲအရာရှိ Sun Biao နဲ့ ပူးပေါင်းပြီး ရက်စက်ကြမ်းကြုတ်လှတဲ့ လူကုန်ကူးဂိုဏ်းခေါင်းဆောင် Qin Yerong နဲ့ တံငါသည်ဟန်ဆောင်ထားတဲ့ လူသတ်သမားတိုကို အမြစ်ပြတ်ချေမှုန်းဖို ကြိုးစားလာရတဲ့အခါ ......
မင်္ဂလာဆောင်အတွက် ပြင်ဆင်မှုကြားက ဟာသတွေနဲ့ လူကုန်ကူးဂိုဏ်းကို ရင်တထိတ်ထိတ် အက်ရှင်ခန်းတွေကို တစ်ပြိုင်နက်တည်း ရှုစားရမှာ ဖြစ်ပါတယ်နော်
ဒီကားမှာ ထူးခြားတာက Xie Miao နဲ့ အက်ရှင်မင်းသား Philip Ng တိုရဲ့ ထိပ်တိုက်တွေ့ဆုံမှုပါပဲ။ Philip Ng ဆိုတာ "Twilight of the Warriors: Walled In" မှာလည်း ရှယ်ကြမ်းပြခဲ့သူမို သူတိုနှစ်ယောက်ရဲ့ တိုက်ပွဲခန်းတွေကတော့ ကြည့်နေကျ ပရိသတ်တွေအတွက် အားရကျေနပ်စရာ ဖြစ်မှာအသေချာပါပဲ
အဲ့အပြင် ဇာတ်လမ်းက IMDb နဲ့ Douban မှာပါ Rating မြင့်ထားတာကြောင့် အရည်အသွေးစိတ်ချရတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်နော်