-
Movie Name
-
Diabolic 2026
-
Year
-
2026
-
Generes
-
Horror
-
Code
-
EN4697
-
Type
-
Movie
-
Size
-
951 MB
-
Country
-
Hollywood
-
Description
-
ဒီကားလေးက Elise ဆိုတဲ့ ကောင်မလေးအကြောင်းကို ရိုက်ပြထားတာပါ။ သူက ငယ်ငယ်တုန်းက ဘာသာရေးအစွန်းရောက်ဂိုဏ်း (FLDS) တစ်ခုမှာ ကြီးပြင်းခဲ့ရပြီး ဂိုဏ်းကနေ ထွက်ပြေးလွတ်မြောက်လာခဲ့တာ ၁၀ နှစ်လောက်ရှိပြီပေါ့။ ဒါပေမဲ့ အတိတ်က စိတ်ဒဏ်ရာတွေကြောင့် မကြာခဏ သတိလစ်တာတွေ၊ အိပ်မက်ဆိုးမက်တာတွေ ခံစားနေရတုန်းပါပဲ။
တစ်နေ့တော့ သူ့ရဲ့ စိတ်ရောဂါကုဆရာဝန်က အတိတ်က ကြောက်ရွံ့မှုတွေကို ရင်ဆိုင်နိုင်ဖို့ သူကြီးပြင်းခဲ့တဲ့ ဂိုဏ်းရှိရာ နေရာဟောင်းကို ပြန်သွားဖို့ အကြံပေးပါတယ်။ ဒီလိုပြန်သွားဖို့ ဆုံးဖြတ်လိုက်တာကမှားတယ်လို့ထင်စရာရှိပေမဲ့ Elise လည်း သူ့ချစ်သူ ကောင်လေး Adam ရယ်၊ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း Gwen ရယ်ကို ခေါ်ပြီး ရွာပျက်ကြီးဆီကို ပြန်သွားခဲ့ကြတယ်။
သူတို့ရည်ရွယ်ချက်က အတိတ်က ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်တွေကို ပြန်ရှာပြီး စိတ်ဒဏ်ရာတွေကို ကုသဖို့ပါ။ ဒါပေမဲ့ တကယ်တမ်းဖြစ်လာတာက သူတို့ထင်ထားတာနဲ့ လုံးဝတလွဲစီပဲ။ ရွာပျက်ကြီးဆီ ရောက်သွားချိန်မှာတော့ Larue ဆိုတဲ့ ကျိန်စာသင့်နေတဲ့ စုန်းမကြီးရဲ့ ဝိညာဉ်ဆိုးက နိုးထလာပြီး Elise ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးဖို့ ကြိုးစားပါတော့တယ်။
Elise တစ်ယောက် သူ့ရဲ့ အတိတ်က စိတ်ဒဏ်ရာတွေကို ကျော်လွှားနိုင်မလား? စုန်းမကြီးရဲ့ ဝိညာဉ်ဆိုး ရန်ကနေရော ဘယ်လို ရုန်းထွက်မလဲ? ဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားလေးပါ။
Jump Scare တွေလည်း ပါလို့ ညဘက် အဖော်မပါဘဲ ကြည့်ရင်တော့ တော်တော်လေး လန့်ဖို့ကောင်းတဲ့ ကားမျိုးပါ။