Movie Name
Firebreak 2026
Year
2026
Generes
Drama
Code
EN4698
Type
Movie
Size
1 GB
Country
Hollywood
Description
Netflix မှာ ပူပူနွေးနွေး အသစ်ထွက်လာတဲ့ စပိန် သဲထိတ်ရင်ဖို ဇာတ်ကားသစ် 'Firebreak' ကို တင်ပေးထားပါတယ်။ဒီကားက သဘာဝဘေးအန္တရာယ်နဲ့ စိတ်ပိုင်းဆိုင်ရာ Thriller သေသေချာချာ ပေါင်းစပ်ထားတဲ့ ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း မာရာ (Mara) ဆိုတဲ့ အမျိုးသမီးတစ်ယောက်က သူ့ယောက်ျားဆုံးပါးသွားပြီးနောက် သမီးဖြစ်သူ လီဒေ (Lide) ရယ်၊ ယောက်ဖဖြစ်သူ မိသားစုရယ်နဲ့အတူ တောထဲက သူတို့ရဲ့ နွေရာသီ အပန်းဖြေအိမ်လေးကို အနားယူဖို့ သွားကြတယ်။ အေးအေးဆေးဆေး နေကြမယ်ဆိုပြီး သွားကြပေမယ့်၊ သမီးဖြစ်သူနဲ့ စကားများရာကနေ သမီးလေးက တောထဲကို ထွက်ပြေးပြီး ပျောက်သွားရော။ ပြဿနာက အဲဒီမှာ စတာပဲ။ သမီးပျောက်သွားတဲ့ အချိန်မှာပဲ တောမီးက အကြီးအကျယ် လောင်ပါလေရော။ မီးက အရမ်းကြမ်းတော့ အာဏာပိုင်တွေက ရှာဖွေရေးကို ရပ်ပြီး အားလုံးကို ချက်ချင်း အပြင်ထွက်ခိုင်းတယ်။ မိသားစုဝင်တွေအားလုံး အာဏာပိုင်တွေ စကားကို နားမထောင်ဘဲ တောမီးထဲမှာ သမီးလေးကို ကိုယ်တိုင် ဆက်ရှာကြတယ်။ အဲဒီမှာ ဆန်တီ (Santi) ဆိုတဲ့ ဒေသခံ သစ်တောစောင့်တစ်ယောက်က သူတို့ကို ကူညီပေးတယ်။ ဒီကားက တောမီးကြောင့် အသက်လုပြေးရတဲ့ သက်သက် မဟုတ်ဘဲ မီးတောက်တွေ ကြားထဲမှာ မိသားစုတွင်းက လျှို့ဝှက်ချက်တွေပါ တဖြည်းဖြည်း ပေါ်လာတာမျိုးပါ။ မာရာတစ်ယောက် "ငါ့ဘေးနားက လူတွေထဲမှာ တစ်ခုခု လိမ်နေတဲ့သူ ရှိတယ်" ဆိုပြီး သံသယဝင်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရမယ့် ကားမျိုးပါ။ ဇာတ်လမ်း ဇာတ်ကွက်တွေက စိတ်ဝင်စားစရာကောင်းတယ်။ Money Heist ထဲက မင်းသမီး Belén Cuesta ရဲ့ သရုပ်ဆောင်ချက်တွေကလည်း တော်တော်လေး မိုက်ပါတယ်။