-
Movie Name
-
How Dare You 2026
-
Year
-
2026
-
Generes
-
Drama, Roma
-
Code
-
SC1109
-
Type
-
Series
-
Size
-
10.2 GB
-
Country
-
China
-
Description
-
လုပ်ငန်းခွင်ထဲက အတွေ့အကြုံနုနယ်သေးတဲ့ ဝန်ထမ်းအသစ်လေး ဝမ်ချွေဟွာဟာ မထင်မှတ်ဘဲ ဝတ္ထုကမ္ဘာတစ်ခုထဲကို ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီမှာ သူ့လိုပဲ တခြားကမ္ဘာကနေ ကူးပြောင်းရောက်ရှိလာသူတစ်ဦးဖြစ်တဲ့ ကျန်းဆန်းနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ကျန်းဆန်းကတော့ သာမန်လူမဟုတ်ဘဲ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကတည်းက အချိန်အခါကောင်းကိုစောင့်ဆိုင်းရင်း အစွမ်းအစတွေကိုဖုံးကွယ်ထားတဲ့ "လျှိဝှက်ဘုရင်" တစ်ပါး ဖြစ်နေပါတယ်။
တစ်ယောက်က ကံကြမ္မာကို ရုန်းကန်ကျော်ဖြတ်ချင်သူ၊ နောက်တစ်ယောက်ကတော့ ဟန်ဆောင်မှုတွေရဲ့နောက်ကွယ်မှာ အင်အားတွေကို ဖုံးကွယ်ထားသူ...
သူတိုနှစ်ဦးဟာ ဒီဝတ္ထုကမ္ဘာထဲမှာ အသက်ရှင်သန်နိုင်ဖိုအတွက် အင်အားချင်းပူးပေါင်းခဲ့ကြပါတယ်။ လှည့်ကွက်တွေနဲ့သစ္စာဖောက်မှုတွေကြားမှာ ရန်သူတွေကို ရင်ဆိုင်ရရုံတင်မကဘဲ သူတိုနှစ်ဦးထဲကတစ်ယောက်ဟာ သူတိုကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ သာယာဝပြောတဲ့ကမ္ဘာသစ်ကြီးကို မြင်တွေ့ခွင့်ရမှာမဟုတ်ဘူး" ဆိုတဲ့ ရက်စက်လွန်းလှတဲ့နိမိတ်ဖတ်ချက်ကိုလည်း ရင်ဆိုင်ကျော်ဖြတ်ကြရမှာပါ။
ဇာတ်လမ်းက ကမ္ဘာကူးတာကိုမှ ဟာသအလွဲတွေအပြင် အလွမ်းလေးပါ ရောနှောထားတဲ့ပုံစံမျိုးဆိုတော့ တကယ်ကို ရင်ခုန်စရာကောင်းမှာအသေအချာပါပဲ။ ရသစုံရှိးထက်ကို စုံလင်လှတဲ့ C drama ကောင်းတစ်ခုကိုရှာနေရင် ဒီစီးရီးလေးက လူကြီးမင်းတိုအတွက်ပါပဲနော်...!