Movie Name
To My Beloved Thief (2026)
Year
2026
Generes
Drama, Roma
Code
SKR1150
Type
Series
Size
6 GB
Country
Korea
Description
ဟုန်းအွန်းဂျို (Nam Ji-Hyun) ကတော့ မျိုးရိုးမြင့်ပုဂ္ဂိုလ် အမတ်ကြီးဟုန်းနဲ့ အောက်ခြေလူတန်းစား မိခင်တိုကနေ မွေးဖွားလာတဲ့ သမီးပျိုလေးပါ။ အွန်းဂျိုဟာ နေ့ခင်းဘက်မှာတော့ ဆေးဆရာမလေးအဖြစ် လုပ်ကိုင်‌နေပြီး ညဘက်မှာတော့ “ဟုန်းဂီဒုံ”အဖြစ် အသွင်ပြောင်းကာ ဆင်းရဲသားပြည်သူတွေအတွက် အကျင့်ပျက်ခြစားတဲ့ အရာရှိတွေရဲ့ ကျီတွေကို ဖောက်ထွင်းခိုးယူပေးလေ့ရှိပါတယ်။ ဂျိုဆွန်းရဲ့ နာမည်ကျော် သူခိုးကြီးက မိန်းကလေးဖြစ်လိမ့်မယ်လို ဘယ်သူမှ ထင်မထားကြတဲ့အတွက် သံသယရှိသူစာရင်းထဲကလည်း အမြဲ လွတ်မြောက်နေပြီး သူခိုးလုပ်ရတာ အရမ်းလွယ်ကူနေခဲ့တဲ့ အွန်းဂျိုတစ်ယောက် တစ်နေ့မှာ ဟုန်းဂီဒုံရဲ့ သရုပ်မှန်ကို လိုက်လံစုံစမ်းနေတဲ့ ဘုရင့်ညီတော် မင်းသားကြီး အီယော (Moon Sang-Min) နဲ့ ပတ်သက်မိပြီး မတော်တဆ ဝိညာဉ်ချင်းပါ လဲသွားကြတဲ့အခါမှာတော့... မတူညီတဲ့ လူတန်းစားပတ်ဝန်းကျင်က သူတိုနှစ်ဦး ဝိညာဉ်ချင်းလဲသွားပြီးနောက်မှာ ဂျိုဆွန်းပြည်ကြီးကို ရှုမြင်တဲ့အမြင်တွေ ဘယ်လို ကျယ်ပြန့်ပြောင်းလဲသွားကြမလဲ။ သူခိုးမလေးနဲ့ မင်းသားကြီးတိုကြားမှာ ဘယ်လိုဘယ်ပုံ အချစ်ဇာတ်လမ်းလေး ပေါက်ဖွားလာဦးမလဲဆိုတာကို အပတ်စဉ် စနေ ၊ တနင်္ဂနွေနေ့တိုင်း အတူတူ စောင့်မျှော်ကြည့်ရှုလိုက်ကြစိုနော်။