Movie Name
Sister (2026)
Year
2026
Generes
Action, Drama
Code
KR0670
Type
Movie
Size
1.49 GB
Country
Korea
Description
၂၀၀၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ British Film "The Disappearance of Alice Creed" ကို Remake ပြန်လည်ရိုက်ကူးထားပြီး မင်းသား Lee Soo-Hyuk , The Glory ထဲက မင်းသမီး Cha Joo-Young နဲ့ Jung Ziso တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ဇာတ်ကားသစ်လေး ထွက်ရှိလာပါပြီ။ - ဇာတ်လမ်းအကျဉ်း - ညီမဖြစ်သူရဲ့ ခွဲစိတ်စရိတ်အတွက် ပိုက်ဆံအမြောက်အများ လိုအပ်နေတဲ့ ဟယ်ရန်း (Jung Ziso) ဟာ ဂျောင်ထယ်ဆူ (Lee Soo-Hyuk) နဲ့အတူ ပူးပေါင်းပြီးတော့ သူဌေးသမီး ဘတ်ဆိုဂျင်း (Cha Joo-Young) ကို ပြန်ပေးဆွဲပြီး ဆိုဂျင်းရဲ့အဖေဆီကနေ ဆိုဂျင်းရဲ့ အသက်ကြေးအနေနဲ့ ၁ ဘီလီယံကို တောင်းဆိုလိုက်ပါတော့တယ်။ ဒီဖြစ်စဉ်မှာ ဟယ်ရန်းက သူ့ရဲ့ ဖအေတူ မအေကွဲ ညီမ ဖြစ်နေကြောင်း သိလိုက်ရတဲ့ ဆိုဂျင်းဟာ ဟယ်ရန်းနဲ့ ပူးပေါင်းပြီး ရက်စက်ကြမ်းကြုတ်တဲ့ ထယ်ဆူကို တန်ပြန်တုံ့ပြန်ဖို့ ကြိုးစားတဲ့အခါမှာတော့... လက်ရှိမှာ ပြန်ပေးသမားနဲ့ ဓားစာခံတွေ ဖြစ်နေကြတဲ့ ညီအစ်မနှစ်ဦးရဲ့ အန္တရာယ်များလှတဲ့ ပူးပေါင်းမှုက အောင်မြင်သွားနိုင်မှာလားဆိုတာကို တစ်စတစ်စ ပေါ်ပေါက်လာမဲ့ အမှန်တရား၊ အလှည့်အပြောင်းတွေနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရမဲ့ကားကောင်းလေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ရပါတယ်ရှင်