Movie Name
Unexpected Family 2026
Year
2026
Generes
Drama
Code
CN1111
Type
Movie
Size
1.9 GB
Country
China
Description
မင်းသားကြီး Jackie Chan ကို အက်ရှင်ဇာတ်ကားတွေမှာ အမြဲမြင်နေကျ ဟီးရိုးပုံစံမဟုတ်ဘဲ နှလုံးသားနဲ့ သရုပ်ဆောင်တဲ့ ပုံစံအသစ်တစ်မျိုးကို မြင်ချင်ရင် သူပါဝင်ထားတဲ့ ဒီဇာတ်ကားလေးကို မလွဲမသွေ ကြည့်သင့်ပါတယ်နော်ဒီကားလေးမှာဆိုရင် တိုက်ခိုက်ခန်းတွေထက် နှလုံးသားကိုထိမိစေမဲ့သရုပ်ဆောင်မှုနဲ့ စိတ်ခံစားမှုတွေ မိသားစုဆက်ဆံရေးကို အဓိကထားပြောပြထားတဲ့ ဒရာမာရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ် Zhong Bufan ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ မိသားစုအခက်အခဲတွေကြောင့် သူ့ရဲ့ မြို့ငယ်လေးကို စွန့်ခွာပြီး ပေကျင်းကို သွားရောက်ဖို့ ကြိုးစားပါတယ်… သူ့ဘဝကို ပြန်လည်စတင်ဖို့ ကြိုးစားနေတဲ့ အချိန်မှာပဲ Alzheimer ရောဂါခံစားနေရတဲ့ အသက်ကြီးကြီးအဘိုးကြီး Ren Jiqing နဲ့ မထင်မှတ်ဘဲ ဆုံတွေ့သွားပါတယ်… Ren Jiqing က Zhong Bufan ကို သူ့သား ရန်ကျွမ့်ကျွမ့်အဖြစ် မှားယွင်းသိမှတ်ပြီး မျှော်လင့်ချက် မေတ္တာနဲ့ လက်ခံလိုက်တဲ့အခါမှာတော့… Zhong Bufan အတွက်တော့ ဒီဆုံတွေ့မှုဟာ မထင်မှတ်တဲ့ တာဝန်တစ်ခုဖြစ်လာသလို Ren Jiqing အတွက်တော့ သူ့ဘဝရဲ့ နောက်ဆုံးမျှော်လင့်ချက်တစ်ခုလို ဖြစ်နေပါတယ်... အစပိုင်းမှာ မတော်တဆမှုလို စတင်ခဲ့တဲ့ ဆက်ဆံရေးက တဖြည်းဖြည်း သားအဖဆက်ဆံရေးတစ်ခုလို အပူအပင်နဲ့ အနွေးထွေးဆုံးပုံစံအဖြစ် ပြောင်းလဲသွားတဲ့အခါ ဘာဆက်ဖြစ်လာမလဲဆိုတာ... Jackie Chan ကို အက်ရှင်ဟီးရိုးအဖြစ်မဟုတ်ဘဲ နှလုံးသားနဲ့ သရုပ်ဆောင်တဲ့ ဖခင်တစ်ယောက်အဖြစ် မြင်ချင်ရင် ဒီကားလေးကို သေချာပေါက် ကြည့်သင့်ပါတယ်နော်... ဒီကားလေးကနေ ပရိသတ်ကြီး နှလုံးသားထဲမှာ အေးချမ်းမှုနဲ့ နောင်တအနည်းငယ် ပေါင်းစပ်နေတဲ့ ခံစားချက်တစ်ခု ကျန်ရစ်သွားမယ်ဆိုတာ အသေအချာပါပဲနော်