Movie Name
Fist Of Fury The Winds Of Jingwu (2026)
Year
2026
Generes
Action
Code
CN1112
Type
Movie
Size
1.37 GB
Country
China
Description
တော်လှန်ရေးသူရဲကောင်း ကွန်ဖူးပညာရှင်ချန်ကျန်းရဲ့ ရှန်ဟိုင်းမြို့နိုင်ငံခြားအခြေစိုက်နယ်မြေထဲက ရှုပ်ထွေးတဲ့အခြေအနေတွေကြားမှာ ချန်ကျန်းရဲ့တိုင်းပြည်ချစ်စိတ်နဲ့ သိုင်းပညာအစွမ်းကိုပုံဖော်ထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ၁၉၃၀ခုနှစ်တွေမှာ တရုတ်ပြည်ရှန်ဟိုင်းမြို့မှာ နိုင်ငံခြားအင်အားကြီးနိုင်ငံတွေက ရှန်ဟိုင်းရဲ့နယ်မြေတစ်ချို့ကိုမြူနီစပယ်နယ်မြေဖြစ်သိမ်းပိုက်ပြီး အာဏာပြနေတဲ့အချိန်ပဲဖြစ်ပါတယ်။ ကျင်းဝူသိုင်းကျောင်းရဲ့ အတော်ဆုံးတပည့်ဖြစ်သူချန်ကျန်းဟာ သူ့ရဲ့ဆရာဖြစ်သူ ဟော့ယွမ်ကျာအသတ်ခံရပြီးနောက်ပိုင်းမှာ ရှန်ဟိုင်းကိုပြန်ရောက်လာပါတယ်။ ဒီအချိန်မှာ ဂျပန်တွေက တရုတ်ပြည်သူတွေကိုဖိနှိပ်ရုံတင်မကပဲ ဒေသခံဂိုဏ်းတစ်ချို့နဲ့ပူးပေါင်းပြီး တရုတ်ပြည်သူတွေရဲ့ဂုဏ်သိက္ခာကိုပါ ဖျက်ဆီးဖို့ကြံနေပါတယ်။ ချန်ကျန်းဟာ အစပိုင်းမှာ သိုသိုသိပ်သိပ်နေထိုင်ဖို့ကြိုးစားပေမယ့် သူ့ရဲ့မိတ်ဆွေတွေနဲ့ ပြည်သူတွေမတရားခံရတာကို မြင်တွေ့လာရတဲ့အချိန်မှာတော့ လက်ပိုက်ကြည့်မနေနိုင်တော့ပဲ တရုတ်တွေရဲ့မျိုးချစ်စိတ်တွေကို သူ့ရဲ့လက်သီးတွေကနေတစ်ဆင့် ပြသလိုက်ပါတော့တယ်။ Bruce Lee, Jet Li ဒါမှမဟုတ် Donnie Yen တို့ရဲ့ ချန်ကျန်းကာရိုက်တာကိုကြိုက်နှစ်သက်သူဆိုရင်တော့ ဒီဗားရှင်းအသစ်ကလဲ ခေတ်သစ်ရိုက်ချက်တွေနဲ့ အက်ရှင်ပိုင်းမှာ အားရကျေနပ်မှုကိုပေးနိုင်ပါလိမ့်မယ်။