Movie Name
Cast Of Joe's College Road Trip 2026
Year
2026
Generes
Action, Drama
Code
EN4702
Type
Movie
Size
1.17 GB
Country
Hollywood
Description
Tyler Perry ရဲ့ Madea ဇာတ်ကောင်ဟာ Eddie Murphy ရဲ့နာမည်ကျော်ဖြစ်တဲ့ Norbit ထဲက Rasputia လိုပဲသူကိုယ်တိုင်ဖန်တီးပြီး သူကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ နာမည်ကျော်ဇာတ်ကောင်တစ်ခုဖြစ်သလို ဒီဇာတ်ကောင်ကိုအခြေခံပြီး ဇာတ်ကားတွေအများကြီးထွက်ရှိခဲ့ပါတယ်။ အခုအသစ်ထွက်လာတဲ့ Netflix spinoff မှာတော့ Madea ရဲ့အစ်ကိုဂျိုးကို အဓိကဇာတ်ကောင်အဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။ ဘရိုင်ယန်(Tyler Perry) က သူ့သားဖြစ်တဲ့ BJ ကိုတရားလွန်အလိုလိုက်ပြီး သူတို့လူမည်းတွေကြုံခဲ့ရတဲ့ဒုက္ခသုက္ခသမိုင်းကြောင်းတွေတစ်ခုနဲ့မှမထိတွေ့ရအောင်ဘာတစ်ခုမှကွဲပြားမှုရှိမနေတဲ့လူငယ်တစ်ယောက်အဖြစ်ပုံသွင်းထားမိရာကနေ အရွယ်ရောက်လာတဲ့သူ့သားရဲ့ခံယူချက်နဲ့အမြင်တွေကိုသိလိုက်ရတဲ့အချိန်မှာတော့ စိုးရိမ်ပူပန်ပြီး အဒေါ်ဖြစ်သူ မာဒီယာ(Typer Perry) နဲ့ ဖခင်ဖြစ်သူ ဂျိုး (Tyler Perry)တို့နဲ့သွားပြီးတိုင်ပင်ဖြစ်ခဲ့ပါတယ်။ အဘိုးကြီးအဘွားကြီးမောင်နှမရဲ့စရိုက်တွေကိုမကြိုက်လို့ ခပ်တန်းတန်းနေခဲ့သူပီပီ ခဏနဲ့စကားများရန်ဖြစ်ပြီးထပြန်လာခဲ့ပေမယ့် သူ့ပတ်ဝန်းကျင်ကလူဖြူတစ်ချို့ရဲ့ သူတို့အပေါ်ခံယူချက်ကိုမြင်လိုက်ရချိန်မှာတော့ ဖခင်နဲ့အဒေါ်ဖြစ်သူရဲ့အကြံကိုမဖြစ်မနေလက်ခံလိုက်ရပါတော့တယ်။ အဲ့ဒါကတော့ သူ့သားဖြစ်သူ ကောလိပ်သွားကြည့်မယ့် ခရီးကို အဘိုးဖြစ်တဲ့ ဂျိုးကကားမောင်းလိုက်ပို့ရင်း လူမည်းတွေဖြတ်သန်းခဲ့ရတဲ့ နောက်ခံသမိုင်းတွေ၊ အနစ်နာခံခဲ့မှုတွေ ပေးဆပ်မှုတွေကိုသင်ကြားပေးဖို့ပါပဲ။ Tyler Perry ရဲ့ထုံးစံ မိသားစုပြဿနာတွေ ခွင့်လွှတ်ခြင်းတွေ လူမည်းတွေရဲ့သမိုင်းကြောင်းတွေကို ပိုပိုသာသာထည့်သွင်းထားပေမယ့်တစ်ဖက်ကကြည့်ရင်တော့ မျိုးဆက်နှစ်ခုကြားက ကွာခြားနေတဲ့၊ ခံယူချက်၊ အသိပညာ၊ ဦးစားပေးမှုတွေကို ဟာသနှောပြီးသရော်ထားတာအတော်ရယ်ရသလို တွေးစရာတွေလည်းပေးပါတယ်။ ဂျိုးဆိုတဲ့အဘိုးကြီးဟာ ခေတ်မကောင်းစဉ်က ခေါင်းဖြစ်ခဲ့ဖူးသလို စရိုက်ကြမ်းတမ်းအဆဲသန်လွန်းတာတွေကြောင့် တစ်ကားလုံးဆဲခန်းဆိုခန်းနဲ့ ဝတ်လစ်စလစ်ခန်းတစ်ချို့တော့ပါရှိပါတယ်။