Movie Name
Positively Yours (2026)
Year
2026
Generes
Drama, Roma
Code
SKR1151
Type
Series
Size
4.39 GB
Country
Korea
Description
အခုတစ်ခါမှာတော့ Miss Night and Day မှ မင်းသား Choi Jin Hyuk, Cafe Minamdang, Hwayugi ကားထဲက မင်းသမီးလေး Oh Yeon Seo, What Comes After Love က Second Lead မင်းသားလေး Hong Jong Hyunနဲ့ Salon De Holmesက မင်းသမီးလေး Kim Da Som တို ပါဝင်တဲ့ အချစ်ဟာသကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအညွှန်း ခေါင်းစခြေအဆုံး အပြစ်ပြောစရာမရှိလောက်အောင် ပြီးပြည့်စုံတဲ့ လူချမ်းသာမိသားစုရဲ့ ဒုတိယမျိုးဆက်ဖြစ်တဲ့ သူဌေးသားလေး Kang Du Ju (Choi Jin Hyuk) ဟာ အစ်ကိုဖြစ်သူ သေဆုံးပြီးနောက် သူ့ရဲ့ဘဝမှာ အိမ်ထောင်ပြုတဲ့ အစီအစဉ်ကို ဖယ်ထားပြီး ကျန်ရှိတဲ့ မိသားစုဝင်တွေနဲ့ အတူ ပျော်ရွှင်စွာ နေထိုင်ရင်း ကုမ္ပဏီအလုပ်ကိုပဲ တစ်စိုက်မတ်မတ်လုပ်နေသူတစ်ဦးပါ။ Jang Hee Won (Oh Yeon Seo)ကတော့ အလုပ်ပေါ်မှာပဲ ၁၀၀ % အာရုံထားတဲ့ Single လေးတစ်ယောက်ဖြစ်ပြီး မိဘတွေရဲ့ ကွာရှင်းမှုကြောင့် စိတ်ဒဏ်ရာရနေသူလေးပါ။ အေးတိအေးစက်နိုင်ပြီး အပြစ်မရှိ အပြစ်ရှာတတ်တဲ့ အမေ့ရဲ့ လက်အောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ သူမိုလို အိမ်ထောင်မပြုဘဲ တစ်ကိုယ်တည်းဘဝနဲ့ အရိုးထုတ်သွားမယ်လို ဆုံးဖြတ်ထားပါသေးတယ်။ ဒီလိုမျိုး ကိုယ်စီ ကိုယ်စီ အကြောင်းပြချက်နဲ့ အိမ်ထောင်သည်ဘဝထဲကို ခြေလှမ်းဖို စိတ်ကူးမရှိတဲ့ သူတိုနှစ်ယောက်ဟာ မရည်ရွယ်ဘဲ တစ်ညတာ မှားယွင်းမှုကြောင့် Jang Hee Won မှာ ကိုယ်ဝန်ရှိသွားပြီး လက်ထပ်ဖိုအထိ ဖြစ်လာပါတော့တယ်။ မမျှော်လင့်ဘဲ ကြီးမားတဲ့ ကံကြမ္မာ အလှည့်အပြောင်းနဲ့ ကြုံတွေ့လိုက်ရပြီး One Night Stand နဲ့ ကလေး အဖေ အမေ ဘဝကို ချက်ချင်းရောက်သွားတဲ့ သူတိုနှစ်ယောက်ကြားမှာ ဘယ်လို ဟာသ အလွဲလေးတွေနဲ့ ရင်ခုန်စရာ အချစ်ဇာတ်လမ်းလေး ပေါက်ဖွားလာမလဲဆိုတာကို အပတ်စဉ် စနေ တနင်္ဂနွေနေ့တိုင်း စောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော်။