Movie Name
Strobe Edge 2025
Year
2025
Generes
Roma
Code
JP0269
Type
Series
Size
5 GB
Country
Japan
Description
လူတိုင်းမှာ မေ့မရနိုင်တဲ့ "အချစ်ဦး" ဆိုတာ ရှိကြတာချည်းပါပဲ။ ဒါပေမဲ့ အဲ့ဒီအချစ်ဦးက ကိုယ့်အတွက် မပိုင်ဆိုင်နိုင်တဲ့သူ ဖြစ်နေရင်ကော...။ ဇာတ်လမ်းလေးကတော့ ရိုးသားပြီး အေးအေးဆေးဆေး နေတတ်တဲ့ ကျောင်းသူလေး နီနာကို (Ninako) ကစပါတယ်။ သူမဟာ အချစ်ဆိုတာကို သေသေချာချာ နားမလည်သေးတဲ့သူပါ။ တစ်နေ့မှာတော့ ကျောင်းက မိန်းကလေးတွေ အားလုံးရဲ့ အသည်းစွဲ၊ အေးတိအေးစက်နိုင်လှတဲ့ ရန်း (Ren) နဲ့ ရထားပေါ်မှာ တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ရာကနေ သူမရဲ့ ရင်ခုန်သံတွေ စတင်ပြောင်းလဲလာခဲ့ပါတယ်။ ရန်းရဲ့ ကြင်နာတတ်တဲ့ စိတ်ထားလေးကို သိသွားတဲ့အခါ နီနာကိုတစ်ယောက် သူ့ကို တကယ်ပဲ ချစ်မိသွားပါတော့တယ်။ ဒါပေမဲ့ ကံကြမ္မာက မျက်နှာသာမပေးခဲ့တာကတော့ ရန်းမှာ တကယ်ချစ်ရတဲ့ ရည်းစားဖြစ်သူ မော်ဒယ်မလေး မယုခ (Mayuka) ရှိနေတာပါပဲ။ နီနာကိုဟာ ရန်းကို ဖွင့်ပြောခဲ့ပေမဲ့ အငြင်းခံလိုက်ရပါတယ်။ ဒါပေမဲ့ သူမကတော့ အတ္တမကြီးခဲ့ပါဘူး။ "အဖြေပြန်မရနိုင်ရင်တောင်မှ ဒီအတိုင်း ဆက်ပြီး သဘောကျနေခွင့်ပြုပါ" ဆိုတဲ့ ရိုးသားလွန်းတဲ့ ဆုံးဖြတ်ချက်နဲ့အတူ သူငယ်ချင်းအဖြစ် ရန်းရဲ့အနားမှာ ဆက်ရှိနေဖို ကြိုးစားခဲ့ပါတယ်။ ဒီကြားထဲမှာပဲ ရန်းရဲ့ သူငယ်ချင်းဖြစ်သူ အန်းဒိုး (Ando) ကလည်း နီနာကိုရဲ့ ရိုးသားမှုကို သဘောကျပြီး သူမကို စတင်ချစ်မိလာတဲ့အခါ... ရှုပ်ထွေးလှတဲ့ အချစ်စတုဂံ ပတ်သက်မှုတွေကြားမှာ ဘယ်သူက ဘယ်သူ့လက်ကို ဆွဲပြီး ရှေ့ဆက်သွားမလဲဆိုတာ...။