-
Movie Name
-
How To Train Your Killer .2026
-
Year
-
2026
-
Generes
-
Drama, Roma
-
Code
-
SC1111
-
Type
-
Series
-
Size
-
7.09 GB
-
Country
-
China
-
Description
-
ဒီကားလေးကတော့ ဝိညာဉ်လဲသွားတဲ့ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် အထူးသင့်တော်မယ့် Drama လေးတစ်ခုပါပဲ။
ဇာတ်လမ်းအစမှာတင် Gu Qingyao ဆိုတဲ့ မိန်းမလှလေးဟာ အိမ်ရှေ့စံ ရဲ့ ကြင်ရာတော်အဖြစ် တင်မြှောက်ခံရပြီး မင်္ဂလာဦးညမှာပဲ ရင်ခုန်စရာ အလွဲလေးတွေ စတင်ပါတော့တယ်။
မင်္ဂလာဦးညမှာ သွေးအေးလူသတ်သမား Shi Yi က ခင်ပွန်းသည် အိမ်ရှေ့စံကို လုပ်ကြံဖို ရောက်ရှိလာရာကနေ သူတိုနှစ်ယောက် မထင်မှတ်ဘဲ ဝိညာဉ်ချင်း လဲသွားခဲ့ကြပါတယ်။
နန်းတွင်းစည်းကမ်းတွေနဲ့ နေရမယ့် အိမ်ရှေ့စံကြင်ရာတော်နေရာမှာ သွေးအေးလူသတ်သမား Shi Yi ရောက်သွားပြီး၊ သေရေးရှင်ရေးကြားက လူသတ်သမားနေရာကိုတော့ကြင်ရာတော် Gu Qingyao ရောက်သွားတဲ့အခါ....
Gu Qingyao တစ်ယောက် သူ့ရဲ့ ခင်ပွန်းသည် အိမ်ရှေ့စံ ကို ကာကွယ်ဖိုအတွက် Shi Yi နဲ့ ဘယ်လိုတွေ ဉာဏ်ပြိုင်ကြမလဲ၊ နန်းတွင်းနဲ့ သိုင်းလောကကြားက ရှုပ်ထွေးပွေလီလှတဲ့ လုပ်ကြံမှုတွေကြားမှာ သူတိုနှစ်ယောက် ဘယ်လို ရုန်းကန်ကြမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။
အိမ်ရှေ့စံ နဲ့ ကြားက အချစ်ဇာတ်လမ်း၊ နန်းတွင်းနိုင်ငံရေး လှည့်ကွက်တွေနဲ့ Action ခပ်မိုက်မိုက်တွေကို ပေါ့ပေါ့ပါးပါး ကြည့်ရှုချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ကားကောင်းလေး တစ်ကားပါ။