-
Movie Name
-
No Mercy (2025)
-
Year
-
2025
-
Generes
-
Crime, Drama, Thriller
-
Code
-
SKR1153
-
Type
-
Series
-
Size
-
1.88 GB
-
Country
-
Korea
-
Description
-
1-8 Complete
ဒီတစ်ခေါက်မှာတော့ Itaewon Class , Weightlifting fairy Kim Bokjoo တို့လို
နာမည်ကြီးကားတွေမှာ ဇာတ်ပို့နေရာက ပါဝင်ခဲ့တဲ့ မင်းသမီး Lee Jooyoung နဲ့
iKON အဖွဲ့ဝင် Junhoe ရဲ့ Crime Thriller ဇာတ်လမ်းတွဲ သစ်လေးကို ဘာသာပြန်
တင်ဆက်ပေးလိုက်ရပါတယ် ။
ဟာဆိုမင်း (Lee Jooyoung) က ရဲတက္ကသိုလ်ကျောင်းသူဟောင်းတစ်ယောက်ဖြစ်ပေမဲ့
လက်ရှိမှာ လူမသိ သူမသိ ရုပ်ရှင်မင်းသမီးဘဝနဲ့ ဘဝကို အနိုင်နိုင် အသက်မွေးနေရသူပါ။
ဖုန်းခေါ်ပြီး ငွေလိမ်တဲ့ဂိုဏ်းတစ်ခုကြောင့် မိဘနှစ်ပါးကို ဆုံးရှုံးလိုက်ရတဲ့နောက်မှာတော့
ဟာဆိုမင်း ဟာ deepfake နည်းပညာလိုမျိုး အဆင်မြင့်နည်းပညာတွေကို သုံး ၊
သူ့အသက်ကိုပါ ရင်းပြီး အဲဒီ ငွေလိမ်ဂိုဏ်းကို ဖော်ထုတ်ပါတော့တယ် ။
ဘတ်ဂျောင်ဟွန်း (Junhoe)ကတော့ ရဲတက္ကသိုလ်ရဲ့ ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်ခဲ့သလို
လက်ရှိမှာလည်း အဆင်မြင့်စုံထောက်တစ်ဦး ဖြစ်ပါတယ် ။
တရားမျှတရေးကို အလေးထားတဲ့ စိတ်ဓာတ်ကြောင့် ဘတ်ဂျောင်ဟွန်းဟာ ဟာဆိုမင်းနဲ့ ပေါင်းပြီး
voice phishing ရာဇဝတ်မှုတွေကို ဖော်ထုတ်ဖို့ဖြစ်လာပါတော့တယ် ။
ဒီဇာတ်လမ်းမှာ ငွေလိမ်ဂိုဏ်းရဲ့ ဘော့စ်အဖြစ် ဝါရင့်မင်းသား Ji Seunghyun ကလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ။
အဆင့်မြင့်စုံထောက် နဲ့ လူမသိ သူမသိ မင်းသမီးတစ်လက်တို့ ပေါင်းပြီး voice phishing scam တွေကို ဘယ်လို ဖော်ထုတ်ကြမလဲ ။