Movie Name
Qifarah (2025)
Year
2025
Generes
Horror, Thriller
Code
OT0574
Type
Movie
Size
621 MB
Country
Others
Description
ယူဆွတ်ဖ်ဟာ ဖခင်ကြီးသေလုနီးပါးဖြစ်နေတယ်ဆိုတဲ့ သတင်းကိုကြားတဲ့အချိန်မှာ နှစ်ပေါင်း ၃၀ ကျော်ဝေးကွာခဲ့တဲ့ အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ အိမ်မှာတော့ စိတ်မနှံ့သလိုဖြစ်နေပြီဖြစ်တဲ့ သူ့ရဲ့တစ်ဦးတည်းသောညီမ၊ အိပ်ယာပေါ်လဲနေတဲ့ဖခင်နဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကအတိုင်းငယ်ရွယ်နုပျိုနေဆဲ မိထွေးဖြစ်သူတို့ကိုပြန်တွေ့ရပါတယ်။ အိမ်ကိုပြန်ရောက်ချိန်ကစလို့ ဒီအိမ်ကို သူမစွန့်ခွာခင်မှာဖြစ်ခဲ့တဲ့ ပြတ်တောင်းပြတ်တောင်းပုံရိပ်တွေ၊ အိမ်မက်ဆိုးတွေဟာ ပိုထင်ရှားလာခဲ့ပြီး အိမ်မှာနောက်ဆုံးနေခဲ့စဉ်က သူ့အရွယ်ကလေး တစ္ဆေတစ်ယောက်ကိုပါမကြာခဏတွေ့မြင်လာရပါတော့တယ်။ ဒီအိမ်ကြီးက လူတွေဟာ အောက်လမ်းအကျင့်တစ်မျိုးမျိုးကိုကျင့်ကြံနေတယ်လို့ယူဆပေမယ့် လက်ဆုပ်လက်ကိုင်မပြနိုင်ခဲ့တဲ့သူဟာ ဇနီးနဲ့သားဖြစ်သူ သူ့နောက်ကိုလိုက်လာတဲ့အချိန်မှာတော့ အိမ်ကြီးက ပဟေဠိတွေဟာ ထင်ထင်ရှားရှားပေါ်ထွက်လာခဲ့ပြီး သူတို့မိသားစုရဲ့အသက်အန္တရာယ်ကိုပါခြိမ်းခြောက်လာခဲ့ချိန်မှာတော့..။ ဇာတ်လမ်းတင်ဆက်ပုံ၊ ခြောက်လှန့်ခန်းတွေနဲ့ လှည့်ကွက်တွေပါမိုက်တဲ့ မလေးဟော်ရာ ကားကောင်းတစ်ကားပါ။