-
Movie Name
-
The Bluff (2026)
-
Year
-
2026
-
Generes
-
Action
-
Code
-
IND1812
-
Type
-
Movie
-
Size
-
972 MB
-
Country
-
Bollywood
-
Description
-
၁၉ ရာစု ကာရေဘီယံပင်လယ်ပြင်က ကေမန်ကျွန်းစုလေးမှာ အာဆဲလ် ဆိုတဲ့ အမျိုးသမီးတစ်ယောက်က သူ့ခင်ပွန်း၊
သားလေး၊ ယောက်မဖြစ်သူတို့နဲ့အတူ အေးအေးချမ်းချမ်း နေထိုင်နေပါတယ်။ တကယ်တော့ အာဆဲလ်ဟာ အရင်က
နာမည်ကြီးပြီး လူတိုင်းကြောက်ရတဲ့ ပင်လယ်ဓားပြဟောင်းတစ်ယောက် ဆိုတာကို ဘယ်သူမှ မသိကြပါဘူး။
တစ်နေ့မှာတော့ သူ့ရဲ့ အတိတ်က ကပ္ပတိန်ဟောင်း ကော်နာ (ကားလ် အာဘန် ) က ရွှေတွေပြန်လိုချင်တာရော၊
အာဆဲလ်ကို လက်စားချေချင်တာနဲ့ ကျွန်းကို ရောက်လာပြီး ရွာကို ဝင်စီးပါတော့တယ်။ သူ့ခင်ပွန်းလည်း ဖမ်းခံရ၊ မိသားစုပါ
အန္တရာယ်ကြုံလာရတဲ့အခါမှာတော့ အာဆဲလ်တစ်ယောက် သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ပင်လယ်ဓားပြစရိုက်ကို ပြန်ထုတ်သုံးပြီး
မိသားစုကို ကာကွယ်ဖို့ တိုက်ခိုက်ရပါတော့တယ်။
ဒီကားက ဇာတ်လမ်းအရတော့ သိပ်ပြီး အထူးအဆန်းကြီး မဟုတ်ဘဲ ရိုးရိုးရှင်းရှင်း ကလဲ့စားချေတဲ့ ပုံစံမျိုးပါပဲ။
ဒါပေမဲ့ ပီရီယန်ကာရဲ့ အက်ရှင်အခန်းတွေကတော့ တော်တော်လေး မိုက်ပါတယ်။
သွေးထွက်သံယို အခန်းတွေ၊ ဓားခုတ်လှံထိုး အခန်းတွေမှာ သူက တကယ့်ကို အသက်ဝင်အောင် သရုပ်ဆောင်သွားနိုင်တယ်။
ရုပ်ရှင်ရဲ့ ရှုခင်းတွေ၊ ပင်လယ်ဓားပြခေတ်က အငွေ့အသက်တွေကလည်း တော်တော်လေး သဘာဝကျကျ ရိုက်ကူးထားတာ တွေ့ရတယ်။
ဇာတ်လမ်းက နည်းနည်းပါးပါး ပေါ့ပေမဲ့ အက်ရှင်ကား ကြိုက်တဲ့သူတွေ၊ မင်းသမီးရဲ့ အမိုက်စား တိုက်ခိုက်ရေးစကေးတွေကို
ကြည့်ချင်တဲ့သူတွေအတွက်တော့ အချိန်ပေးပြီး ကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။