Movie Name
The War Between (2025)
Year
2025
Generes
Drama
Code
EN4707
Type
Movie
Size
865 MB
Country
Hollywood
Description
The War Between ရုပ်ရှင်ဟာ အမေရိကန်ပြည်တွင်းစစ်ကိုအခြေခံထားပြီး သာမန်စစ်ကားတွေထက်စာရင် လူသားဆန်မှုနဲ့ အသက်ရှင်သန်ရေးအတွက် ရုန်းကန်ရမှုကို ပိုပြီး ဦးစားပေးရိုက်ကူးထားတဲ့Drama ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ၁၉ ရာစု အမေရိကန်ပြည်တွင်းစစ်ကြီးအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုကိုအခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်... မြောက်ပိုင်း (Union) နဲ့ တောင်ပိုင်း (Confederate) အုပ်စုနှစ်ဖက်က ရန်သူတော်စစ်သားနှစ်ယောက်ဟာ တိုက်ပွဲတစ်ခုအပြီးမှာ လူသူမနီးတဲ့ Sonoran သဲကန္တာရ ကြီးထဲမှာ သောင်တင်သွားကြပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ဖို့ ဝန်မလေးကြပေမယ့်၊ ပြင်းထန်လွန်းတဲ့ ကန္တာရရဲ့ အပူဒဏ်၊ ရေငတ်မွတ်မှုနဲ့ အန္တရာယ်ရှိတဲ့ မျိုးနွယ်စုတွေကြားမှာ အသက်ရှင်ချင်တယ်ဆိုရင်တော့ သူတို့ရဲ့ ရန်ငြိုးတွေကို ဘေးဖယ်ထားပြီး "ရန်သူကနေ မိတ်ဆွေ" အဖြစ် ပူးပေါင်းဖို့ ဖြစ်လာခဲ့ပါတယ်။ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကြားမှာ လူသားတစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတည်ဆောက်ပုံ၊ ဘာသာရေးနဲ့ ယုံကြည်ချက်တွေရဲ့ ပဋိပက္ခတွေကို စိတ်ဝင်စားစရာကောင်းအောင် ပုံဖော်ထားပါတယ်။ အထူးသဖြင့် Westernကားစတိုင်ကိုမှ အေးအေးဆေးဆေးနဲ့ ရင်ထဲရောက်မယ့် ဇာတ်လမ်းမျိုး ကြိုက်တတ်သူတွေအတွက် အထူးသင့်လျော်ပါတယ်။