Movie Name
Fighting Mulan (2025)
Year
2025
Generes
Action
Code
CN1114
Type
Movie
Size
1.75 GB
Country
China
Description
အမျိုးသမီးစစ်သူကြီး Mulan လို့ပြောရရင် ပရိသတ်တွေနဲ့စိမ်းမယ်မထင်ပါဘူးနော် ဒီတစ်ခါမှာလည်း မုလန်ဒဏ္ဍာရီကို စစ်ရုပ်ရှင်စတိုင်အပြည့်နဲ့ ပြန်လည်ဖန်တီးထားတဲ့ 2025 ခုနှစ်ကထွက်ရှိတဲ့ Fighting Mulan ဆိုတဲ့ ရုပ်ရှင်လေးနဲ့မိတ်ဆက်ပေးပါမယ် မဟာဝေ့မင်းဆက်ခေတ် ထိုက်ဝူဧကရာဇ်အုပ်ချုပ်စဉ်ကာလ ရိုရန်မျိုးနွယ် ခန်းမင်းကြီး ဦးဆောင်တဲ့ ၆၀၀၀၀ သောမြင်းတပ်စစ်တပ်ဟာ မဟာဝေ့တိုင်းပြည်ကို ဝင်ရောက်ကျူးကျော်လာပြီး ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်တာတွေ လုပ်ခဲ့တယ် အဲဒီအချိန်မှာ ဟွားမုလန်ဟာ ဖခင်ကိုယ်စား စစ်တပ်ထဲဝင်ပြီး အမျိုးသားအဖြစ် အသွင်ပြောင်းပြီးတော့ တိုက်ပွဲတွေမှာပါဝင်ခဲ့တယ် မုလန်ရဲ့ရဲစွမ်းသတ္တိနဲ့စစ်ဗျူဟာကျွမ်းကျင်မှုကြောင့် စစ်ပွဲတွေမှာ အောင်မြင်မှုတွေရရှိပြီး တင့်ယွမ်စစ်သူကြီးဘွဲ့အမည်ချီးမြှင့်ခံခဲ့ရတယ် ဒါပေမဲ့ စစ်ဗျူဟာမှားယွင်းမှုတစ်ခုကြောင့် မုလန် ဒဏ်ရာရပြီး သူ့ရဲ့မိန်းကလေးသရုပ်မှန် ဖော်ထုတ်ခံရတဲ့အခါ… အမျိုးသမီးတွေ စစ်တပ်ထဲမဝင်ရဘူးဆိုတဲ့ကန့်သတ်ချက်တွေကို ချိုးဖောက်ပြီး စစ်မြေပြင်မှာ မုလန်တစ်ယောက် ဘယ်ပုံဘယ်နည်းပြန်လည်ထမြောက်လာမလဲဆိုတာ… ဆက်ပြီးတော့လည်း သဲကန္တာရမြင်ကွင်းကြီးတွေနဲ့ မြင်းတပ်စစ်ဆင်ရေးတွေပါပြီး War Epic စတိုင်ကို အပြည့်အဝ ခံစားနိုင်တဲ့အပြင် မုလန်ဒဏ္ဍာရီကို စစ်အက်ရှင်အပြည့်နဲ့ ပြန်လည်ဖန်တီးထားတဲ့ရုပ်ရှင်တစ်ကားဖြစ်ပြီး စစ်ရုပ်ရှင်ကြိုက်နှစ်သက်သူတွေ သမိုင်းနောက်ခံဇာတ်လမ်းတွေကို စိတ်ဝင်စားသူတွေအတွက်လည်း ဆွဲဆောင်မှုရှိစေမှာအမှန်ပါ