Movie Name
Retro Freaks II (2026)
Year
2026
Generes
Comedy, Horror
Code
EN4709
Type
Movie
Size
544 MB
Country
Hollywood
Description
Hallmark Channel ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ ရိုမန့်တစ်ဟာသ (Romantic Comedy) ဇာတ်ကားလေး ဖြစ်ပါတယ်။ အလုပ်ကိုပဲ စိတ်နှစ်ထားတဲ့ ကောလိပ်ကျောင်းအုပ်ကြီးနဲ့ပေါ့ပေါ့ပါးပါးနေတတ်တဲ့ အားကစားနည်းပြတို့ကြားက အချစ်ဇာတ်လမ်းကို အားကစားနောက်ခံနဲ့ ရိုက်ကူးထားတာပါ။ Cassidy (Nikki DeLoach) ဟာ ဘော့စတွန်မြို့ကနေ Whittendale ကောလိပ်ကို အသစ်ရောက်ရှိလာတဲ့ အရည်အချင်းရှိပြီး စည်းကမ်းကြီးတဲ့ ကျောင်းအုပ်ကြီးတစ်ဦးပါ။ သူမဟာ ကျောင်းရဲ့ ဘဏ္ဍာရေးအခက်အခဲတွေကို ဖြေရှင်းဖို့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ကျောင်းသားအဆောင်မှာ ရေကြီးမှုဖြစ်ပွားခဲ့တာကြောင့် သူ့ရဲ့ သီးသန့်နေတဲ့ကျောင်းအုပ်ကြီးအိမ်ထဲကို ကောလိပ်ဘောလုံးအဖွဲ့က လူသစ် (Freshmen) ၅ ယောက်ကို ယာယီခေါ်ယူထားလိုက်ရပါတယ်။သူမရဲ့ စနစ်တကျရှိလှတဲ့ ဘဝထဲကို ဆူညံဂယက်ထပြီး စည်းကမ်းမဲ့တဲ့ ဘောလုံးသမားလေးတွေ ရောက်လာတဲ့အခါမှာတော့ ကမောက်ကမတွေ ဖြစ်ကုန်ပါတော့တယ်။ဒီကြားထဲမှာ ခန့်ညားပြီး သဘောကောင်းတဲ့ ဘောလုံးနည်းပြ Logan (Warren Christie) က သူ့တပည့်တွေနဲ့ ကျောင်းအုပ်ကြီးကြား အဆင်ပြေအောင် ကြားဝင်စေ့စပ်ပေးရင်းကနေသူတို့နှစ်ဦးကြားမှာ မမျှော်လင့်ဘဲ သံယောဇဉ်တွေ စတင်လာပုံကို ကြည်နူးဖွယ် မြင်တွေ့ရမယ့် rom-com ဇာတ်ကားကောင်းလေးဖြစ်ပါတယ်